DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် မြန်မာတာဝန်သိ ခရီးသွားလုပ်ငန်း ဆုချီးမြှင့်ပွဲ ကျင်းပ
DVB
·
December 12, 2018
ဒုတိယအကြိမ် မြန်မာတာဝန်သိ ခရီးသွားလုပ်ငန်း ဆုချီးမြှင့်ပွဲ ကျင်းပ
1 / 11
Donate to DVB

မြန်မာတာဝန်သိ ခရီးသွားလုပ်ငန်း ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါဟာ ဒုတိယအကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး ဒီဆုကို မြန်မာ့တာဝန်သိ ခရီးသွားလုပ်ငန်းအဖွဲ့ (MRTI - Myanmar Responsible Tourism Institute) က ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီဆုတွေကို ပေးအပ်ချီးမြှင့်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ကတည်းက လျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆုတွေ ချီးမြှင့်ပေးရတာဟာ ခရီးသွားလုပ်ငန်းနယ်ပယ်မှာ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ရင်း လူမှုရေးနဲ့ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်တဲ့သူတွေ၊ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးတဲ့ ခရီးသွားလုပ်ငန်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုတွေကို ရွေးချယ်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

ချီးမြှင့်တဲ့ ဆုအမျိုးအစားတွေကတော့ တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံး တည်းခိုရေး ဝန်ဆောင်မှုဆု၊ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံးခရီးစဉ် ရေးဆွဲသူဆု၊ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံးလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုဆု၊ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှု အကောင်းဆုံးဆု၊ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံး အသိပညာပေး အစီအစဉ်ဆုနဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အခွင့်အလမ်း နည်းပါးသူများ ပါဝင်အကျိုးခံစားနိုင်ခွင့်ရစေတဲ့ တာဝန်သိ ခရီးသွားလုပ်ငန်း အမျိုးအစားဆိုင်ရာ အကောင်းဆုံး လုပ်ဆောင်မှုဆုဆိုပြီး ဆုခြောက်မျိုးကို မြန်မာခရီးသွားလုပ်ငန်းကဏ္ဍမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်တွေနဲ့ တီထွင်ဆန်းသစ်သူတွေအတွက် ဆုအရွယ်အစား မျိုးစုံတို့ကို ဂုဏ်ပြုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ချီးမြှင့်ပေးတဲ့အတွက် ခရီးသွားဧည့်သည်တွေ အနေနဲ့လည်း တာဝန်သိ ခရီးသွားလုပ်ငန်း အမျိုးအစားတွေကို ပိုပြီး လေးစားလာသလို သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးနဲ့ ကျေးလက်ဓလေ့ယဉ်ကျေးမှုတွေကိုလည်း ပြသရာရောက်တယ်လို့  မြန်မာ့တာဝန်သိ ခရီးသွားလုပ်ငန်းအဖွဲ့က ဆိုပါတယ်။

သတင်းဓာတ်ပုံ - သူဇာလင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013