DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး သက်သေအထောက်အထားများပေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖိတ်ခေါ်
DVB
·
December 12, 2018
ရခိုင်အရေး သက်သေအထောက်အထားများပေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖိတ်ခေါ်
Donate to DVB

ရခိုင်အရေးနဲ့ပတ်သက်လို့ သက်သေအထောက်အထားတွေပေးဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဖိတ်ခေါ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်းနဲ့ ယင်းနဲ့ဆက်နွှယ်တဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ သက်သေခံချက်တွေ ပေးပို့ဖို့ အခုလို ဖိတ်ခေါ်လိုက်တာပါ။

အချက်အလက်တွေ စုဆောင်းပေးသွင်းဖို့ ဖိတ်ခေါ်တဲ့ အခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

“ဖြစ်စဉ်တွေနဲ့သက်ဆိုင်တဲ့ သက်သေခံချက်တွေ၊ မှတ်တမ်းဓာတ်ပုံတွေ၊ အထောက်အထားတွေ၊ အသံဖိုင်၊ ရုပ်မြင်သံကြားဖိုင်တွေ အစရှိတဲ့ သက်သေခံချက်တွေကို ပြစ်မှုကျူးလွန်ခံရသူတွေ၊ သက်သေတွေ၊ အုပ်စုအဖွဲ့အစည်းတွေနဲ့ တဦးချင်းပုဂ္ဂိုလ်တွေက တင်သွင်းပေးကြဖို့ ဖိတ်ခေါ်ပါတယ်" လို့ ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလိုက ပြောပါတယ်။

သက်သေခံချက် တင်သွင်းလွှာတွေကို မြန်မာ၊ အင်္ဂလိပ်၊ ရခိုင်နဲ့ ဘင်္ဂါလီ ဘာသာတမျိုးမျိုးနဲ့ ရေးသားပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာဖြစ်ပါတယ်။

အချက်အလက်တွေကို အီးမေးလ် သို့မဟုတ် စာတိုက်ကနေ ပေးပို့နိုင်ပြီး တင်သွင်းသူရဲ့ အမည်၊ အသေးစိတ်အချက်တွေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ) ပါရှိရမှာဖြစ်ပြီး လိုအပ်ရင် ကော်မရှင်က တွေ့ဆုံစစ်ဆေးမှာဖြစ်သလို ပေးပို့လာတဲ့ အချက်အလက်တွေကိုလည်း လျှို့ဝှက်ပေးထားမယ်လို့ ဆိုပါတယ်။

ကော်မရှင်ကို ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်နိုင်ဖို့ အမျိုးသားအစီအစဉ်တရပ်အနေနဲ့ ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဥက္ကဋ္ဌအနေနဲ့ ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို၊ အဖွဲ့ဝင်တွေအဖြစ် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်ဟောင်း ကင်ဇိုအိုရှီးမား၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက် အဆင့်မြင့်အရာရှိကြီးဟောင်း ဒေါက်တာအောင်ထွန်းသက်တို့နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013