DVB Logo
Home
မြန်မာသတင်း
ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးရန် အမေရိကန်၊ နော်ဝေ၊ ဒိန်းမတ်နှင့် ဥရောပသမဂ္ဂ တောင်းဆို
DVB
·
December 12, 2018
ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးရန် အမေရိကန်၊ နော်ဝေ၊ ဒိန်းမတ်နှင့် ဥရောပသမဂ္ဂ တောင်းဆို
Donate to DVB

ရိုက်တာသတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးပြီး လွတ်လပ်စွာ ရေးသားတင်ပြနိုင်ဖို့ကို ခွင့်ပြုဖို့ အမေရိကန်၊ နော်ဝေ၊ ဒိန်းမတ်နဲ့ ဥရောပသမဂ္ဂတို့က တောင်းဆိုလိုက်ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးထိန်းသိမ်းတာ တနှစ်ပြည့်တဲ့ အခု ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ကြတာပါ။

အမေရိကန်သံရုံးက “မိသားစုတွေနဲ့အတူရှိနေရမယ့် သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ တနှစ်တာကာလဟာ အကျဉ်းစံရင်း ကုန်ဆုံးခဲ့ရပါပြီ။ ဒီမိုကရေစီစနစ်တခုမှာ လွတ်လပ်စွာ ရေးသားတင်ပြနိုင်ဖို့အတွက် သတင်းစာလွတ်လပ်မှုတရပ်ကို ခွင့်ပြုရမှာ ဖြစ်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

ဥရောပ သမဂ္ဂကလည်း သတင်းထောက်တွေဟာ သူတို့ရဲ့ တာဝန်ကို ထမ်းဆောင်ရုံနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရပြီး မိသားစုနဲ့အတူမဖြတ်သန်းဘဲ၊ လူထုကို သတင်းတွေ မပေးဘဲနေရတာ ၃၆၅ ရက်တောင်ကြာခဲ့ပြီလို့ ဆိုပါတယ်။

ဒါဟာ သတင်းထောက်ဘဝနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်သာမက မြန်မာနိုင်ငံသားတွေ အားလုံးအတွက် ကြီးမားတဲ့ ကြေကွဲဖွယ်ရာ ဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတိုင်းမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးလို အမှန်တရားကို ရှာဖွေရဲတဲ့ သတင်းထောက်တွေ လိုအပ်တာကြောင့် ဥရောပသမဂ္ဂက သူတို့ကို ချက်ချင်းလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆို ပါတယ်။

ပြီးတော့ ကိုဝလုံးရဲ့ ထောင်ထဲကနေ ရေးသားပြီး ကလေးတွေကို သတင်းထောက်တွေရဲ့ အလုပ်အကြောင်း ရှင်းပြထားတဲ့ သတင်းထောက်ကလေး ဂျေဂျေ စာအုပ်ကိုလည်း အပြည့်အဝ ထောက်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။

နော်ဝေသံရုံးကလည်း သတင်းထောက်တွေမှာ အပြစ်မရှိဘူးလို့ သက်သေ အထောက်အထားတွေနဲ့တကွ မိသားစုဝင်တွေက အသနားခံတင်ပြထားသလို မြန်မာမီဒီယာအသိုင်းအဝိုင်းတွေကလည်း သူတို့နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မီဒီယာ လွတ်လပ်ခွင့်ကို ဆက်လက် ထိန်းသိမ်းပေးဖို့၊ အခြေခံလူ့အခွင့်အရေးတွေနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အသိအမှတ်ပြုပေးဖို့ အတွက် မြန်မာအစိုးရကို တိုက်တွန်းတယ်လို့ ထုတ်ပြန်ပါတယ်။

ရိုက်တာသတင်းထောက် ၂ ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်တယ်ဆိုပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013