DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းထဲ သိမ်းဆည်းမြေဧက ၁၄၀၀ ခန့်ကို မူလပိုင်ရှင်များထံ ပြန်ပေးအပ်
DVB
·
December 12, 2018
ဧရာဝတီတိုင်းထဲ သိမ်းဆည်းမြေဧက ၁၄၀၀ ခန့်ကို မူလပိုင်ရှင်များထံ ပြန်ပေးအပ်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးထဲက သိမ်းဆည်းခံလယ်မြေဧက ၁၄၀၀ လောက်အား တိုင်းအစိုးရက မူလပိုင်ရှင်တွေကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

စိုက်ပျိုးရေးဦးစီးဌာန (ကော်ဖီရာသီ သီးနှံဌာနခွဲ) မှ စွန့်လွှတ်မြေ ၅၈၆ ဧကကို ဖျာပုံမြို့နယ်၊ ကြက်ဖမွှေးဇောင်းကျေးရွာအုပ်စုက တောင်သူလယ်သမား ၁၉၆ ဦး၊ ကျူံကဒွန်းကျေးရွာအုပ်စုက လယ်သမား ၂၂၆ ဦးကို စွန့်လွှတ်မြေဧက ၆၇၇ ဧကတို့ကို ဖျာပုံမြို့နယ်၊ သီရိအဏ္ဏ၀ါခန်းမမှာ ယာယီ လယ်လုပ်ကိုင်ခွင့်ပြုပုံစံ ၃ တွေနဲ့ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။

အမှတ် ၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက ပြန်လည်စွန့်လွှတ်ခဲ့တဲ့ ညောင်တုန်း မြို့နယ် မြမ္မာပြာသာကျေးရွာအုပ်စု လယ် ၇၃ ဧကထဲမှ တောင်သူလယ်သမား ၁၅ ဦးကို လယ် ၄၃ ဧကအတွက် ပုံစံ ၇ တွေနဲ့ ယာယီ လုပ်ကိုင်ခွင့်ပြုပုံစံ ၃ တွေ ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ကျေင်းကုန်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးရုံးခန်းမမှာ ဒါးကမြစ်ရေတင်စီမံကိန်း (ကညင်ကောက်) မှ စွန့်လွှတ်မြေ ၅၀ ဧကအား တောင်သူ ၁၆ ဦးကိုလည်း ပြန်လည်ပေးအပ်ခဲ့ ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဝန်ကြီးချူပ် ဦးလှမိုးအောင်က မူလပိုင်ရှင်တွေလက်ထဲ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ၅ မြို့နယ်မှ တောင်သူလယ်သမား ၈၉၂ ဦးကို စွန်လွှတ်မြေ ၈၁၉၃ ဧက လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013