DVB Logo
Home
မြန်မာသတင်း
ပိတ်မိပြည်သူအရေး လှုပ်ရှားသူ ၃ ဦးကို အမြန်လွှတ်ပေးရန် Global Witness တောင်းဆို
DVB
·
December 12, 2018
ပိတ်မိပြည်သူအရေး လှုပ်ရှားသူ ၃ ဦးကို အမြန်လွှတ်ပေးရန် Global Witness တောင်းဆို
Donate to DVB

တိုက်ပွဲကြောင့် ပိတ်မိပြည်သူတွေ လွတ်မြောက်ရေးလှုပ်ရှားသူ ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

    တိုက်ပွဲကြားမှာ ပိတ်​မိနေတဲ့ ပြည်​သူတွေ လွတ်​​မြောက်​ရေး ကြိုးပမ်း​မှုကြောင့် တပ်​မ​​တော်ရဲ့ တရားစွဲဆိုခံရ​တဲ့ ကချင်လူထုလွတ်မြောက်ရေးလှုပ်ရှားသူ  ဦး​ဇော်​ဂျက်​၊ ဦးလွမ်း​ဇောင်းနဲ့ ​ဒေါ်နန်ပူတို့ကို ဒီဇင်ဘာလ ၇ ရက်က တရားရုံးက ထောင်​ဒဏ်​ ၆ လနဲ့ ​ငွေဒဏ်​ကျပ်​ ၅ သိန်းစီ ချမှတ်ခဲ့တာပါ။

Global Witness အဖွဲ့ရဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းထုတ် ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ ကမ်ပိန်းခေါင်းဆောင် ပေါလ်ဒိုနိုဝစ်တ်ဇ်က ခုလို လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို ဦးတည်ပြီး ပြစ်ဒဏ်တွေချမှတ်တာဟာ တရားဥပဒေပျက်ယွင်းမှုကို ကိုယ်စားပြုနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းက တနိုင်းဒေသတွင်းက ရွှေနဲ့ ပယင်း သတ္တုတွင်းဧရိယာတွေ၊ ကျောက်စိမ်းကြွယ်ဝတဲ့ ဖားကန့်ဒေသတွေမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက် ပြေးရတာတွေ ပိုပြီး များပြားလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တပ်မတော်အနေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွင်းက အရပ်သားပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ ဆွေးနွေးမှုတွေ မလုပ်နိုင်ရင် ရှုပ်ထွေးတဲ့ ရင်းမြစ်တွေ၊ စစ်မက်ပဋိပက္ခတွေနဲ့ ဒေသတွင်း အကျင့်ပျက်ခြစားမှုတွေကို ပြန်လည်ဖြေရှင်းနိုင်ဖို့ မျှော်လင့်စရာ နည်းပါးလာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိအရပ်သားအစိုးရဟာလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ဒါတွေကို လျှော့ချနိုင်ဖို့ ဥပဒေနဲ့အညီ လွတ်လပ်စွာ ပြောဆိုနိုင်ဖို့ အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013