DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ထွက်ကွမ်းသီး နိုင်ငံခြားတင်ပို့နိုင်ရေး ကြိုးစားရန် စိုက်ပျိုးရေးဦးစီးဌာနပြော
DVB
·
December 12, 2018
ကရင်ပြည်နယ်ထွက်ကွမ်းသီး နိုင်ငံခြားတင်ပို့နိုင်ရေး ကြိုးစားရန် စိုက်ပျိုးရေးဦးစီးဌာနပြော
Donate to DVB

ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကွမ်းသီးပင်တွေကို ဖြစ်ထွန်းအောင်စိုက်ပျိုးပြီး မှန်မှန်ကန်ကန်နဲ့ နိုင်ငံခြားပို့ ကုန်တခုရရှိအောင် ကြိုးစားကြဖို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီက ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့မှာ ဒေသခံကွမ်းသီး စိုက်တောင်သူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

ကရင်ပြည်နယ် ဒေသထွက်ကွမ်းသီးတွေကို တောင်သူတွေ အရည်အသွေးမီ ရောင်းချနိုင်ဖို့နဲ့ ဈေးကောင်းရရှိစေဖို့၊ မှန်မှန်ကန်ကန် ရောင်းဝယ်ဖောက်ကားနိုင်ဖို့၊ ကုန်သည်တွေ၊ ကုန်စည်ဒိုင်တွေ အနေနဲ့ တဖက်နိုင်ငံက တင်သွင်းတဲ့ ကွမ်းသီးတွေကို တရားဝင်အခွန်သွင်းဖို့၊ တောင်သူတွေ နစ်နာမှုမရှိအောင် ကူညီဆောင်သွားနိုင်ဖို့နဲ့ နည်းပညာလိုအပ်ချက်တွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ကွမ်းသီးစိုက်တောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက “တရားမ၀င် ကွမ်းသီးတွေ တင်သွင်းပြီးတော့ ကျနော်တို့နိုင်ငံကို ရောင်းချမယ့်အစား ပြည်နယ်အတွင်းမှာရှိတဲ့ ကွမ်းသီးပင်တွေကို ဖြစ်ထွန်းအောင်စိုက်ပျိုးပြီးတော့ မှန်မှန်ကန်ကန်နဲ့ နိုင်ငံခြားပို့ကုန်တခုရအောင် ကြိုးစားစေချင်တယ်။ ကုန်သည်များအနေနဲ့လည်း တောင်သူတွေရဲ့ မျက်နှာကိုကြည့်ပြီးတော့ စစ်မှန်တဲ့ မြန်မာ့ထွက်ကုန်ကွမ်းသီးကို အိတ်စ်ပို့လုပ်နိုင်ရေး ကြိုးစားကြပါ” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံထွက်ကွမ်းသီးတွေကို အဓိက၀ယ်ယူနေတာဖြစ်ပြီး တရားမ၀င် ၀င်ရောက်နေတဲ့ ကွမ်းသီးတွေကြောင့် ကွမ်းသီးအ၀ယ်ရပ်တာတွေ၊ ဈေးနှုန်း ကျဆင်းတာတွေရှိခဲ့လို့ ကွမ်းသီးစိုက်တောင်သူတွေ နစ်နာတာတွေရှိခဲ့ဖူးပါတယ်။

ကရင်ပြည်နယ်ရဲ့ မြို့နယ် ၇ မြို့နယ်လုံးမှာ ကွမ်းသီးစိုက်ပျိုးပြီး ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့ နယ်တွေက အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။

ပြည်နယ်အနေနဲ့ ကွမ်းသီးစိုက် ဧက ၂ သောင်းကျော်ရှိပြီး အသီးခူး ဧက ၂ သောင်းကျော်၊ ၁ ဧက အထွက်နှုန်း ပိသာ ၆၀၀ ကျော်ထွက်ရှိပြီး ဧကပေါင်း ၂ သောင်းကျော်အနေနဲ့ ပိသာပေါင်း သိန်း ၁၅၀ ကျော်ထွက်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းနယ်စပ်ကနေ တရားမ၀င် ၀င်ရောက်နေတဲ့ ကွမ်းသီးတွေဟာ မြ၀တီမြို့ကတဆင့် ကော့ကရိတ်မြို့ကိုတင်ပို့ပြီး ဒေသထွက်ကွမ်းသီးတွေနဲ့ ရောနှောရောင်းချသလို အိန္ဒိယနိုင်ငံကိုပါ တရားမ၀င် တင်ပို့နေတာတွေရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က ကွမ်းသီးစိုက်တောင်သူတွေ စိုက်ပျိုးထုတ်လုပ်ရောင်းချမှုတွေ စနစ်တကျရှိစေဖို့အတွက် မြို့နယ်အလိုက် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်သူများ အသင်းကို တရားဝင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013