DVB Logo
Home
မြန်မာသတင်း
တိုင်းမ်မဂ္ဂဇင်း၏ Person of the Year ဆု ကိုဝလုံး၊ ကိုကျော်စိုးဦးနှင့် ဖိနှိပ်ခံသတင်းသမားများ ရရှိ
DVB
·
December 12, 2018
တိုင်းမ်မဂ္ဂဇင်း၏ Person of the Year ဆု ကိုဝလုံး၊ ကိုကျော်စိုးဦးနှင့် ဖိနှိပ်ခံသတင်းသမားများ ရရှိ
Donate to DVB

သြဇာအရှိန်အ၀ါ ကြီးမားတဲ့ နာမည်ကြီးမဂ္ဂဇင်းတစောင်ဖြစ်တဲ့ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်တဲ့ Person of the Year 2018 ဆုအတွက် အကျဉ်းကျခံနေရတဲ့ ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့အပါအ၀င် ဖိနှိပ်ခံသတင်းသမား ၄ ယောက်ကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဆုရရှိသူစာရင်းထဲမှာ သတင်းမီဒီယာ အလုပ်လုပ်နေရင်းကနေ ထောင်ထဲရောက်သွားခဲ့ရတဲ့ သတင်းသမားတွေ၊ အသက် ဆုံးရှုံးခဲ့ရတဲ့ သတင်းထောက်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

မဂ္ဂဇင်းကိုတော့ ဆုရရှိသူသတင်းထောက်တွေရဲ့ ပုံတွေနဲ့ ကွဲပြားခြားနားတဲ့ မျက်နှာဖုံး ၄ ခုခွဲ ထုတ်ဝေခဲ့တာဖြစ်ပြီး အမှန်တရားကို စောင့်ရှောက်သူများ (The Guardians) လို့ အမည်တပ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တိုင်းမ်မဂ္ဂဇင်းကတော့ ဒီသတင်းသမားတွေဟာ အမှန်တရားအတွက် သတင်း အချက်အလက်တွေ ရရှိဖို့၊ ထုတ်ဖော်ပြောဆိုနိုင်ဖို့ ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ ရသူတွေဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အခုရွေးချယ်ခံခဲ့ရသူတွေထဲမှာတော့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က ဆော်ဒီသံရုံးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ၀ါရှင်တန်ပို့စ်သတင်းထောက် ဂျမယ်လ်ခါရွှန်းဂျီ၊ သေနတ်သမားတဦးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၀န်ထမ်း ၅ ယောက်သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံမှ Capital Gazette သတင်းစာမှ သတင်းသမားများ၊ သမ္မတ ဒူတာတေရဲ့အတိုက် အခံတွေကို ဖိနှိပ်မှုတွေကို ဝေဖန်ပြီး အမှန်တရားဘက်က ရပ်တည်သူ အွန်လိုင်းသတင်း ၀က်ဆိုဒ် Rappler တည်ထောင်သူ ဖိလစ်ပိုင်အမျိုးသမီး သတင်းသမား မာရီယာ ရက် ဆာတို့လည်း ပါဝင်ပါတယ်။

ရိုက်တာ သတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ကတော့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ရေးသားဖို့ ကြိုးစားနေချိန် လွန်ခဲ့တဲ့ တနှစ်က ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းကျခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲ ဆိုခံခဲ့ရပြီးနောက်မှာတော့ ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုင်းမ်မဂ္ဂဇင်းဟာ Person of the Year ဆုကို ၁၉၇၂ ခုနှစ်ကတည်းက စတင်ပေး အပ်ခဲ့တာဖြစ်ပြီး မနှစ်ကတော့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကား မှုတွေအတွက် #MeToo အမည်နဲ့ လှုပ်ရှားမှုတွေနဲ့ ဖော်ထုတ်ခဲ့ကြသူတွေကို ရွေးချယ်ခဲ့တာပါ။

အခုနှစ်ရဲ့ Person of the Year ဆုစာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ၀ါရှင်တန်ပို့စ်သ တင်းထောက် ဂျမယ်လ်ခါရွှန်းဂျီကတော့ သေဆုံးပြီးနောက် ခုလို ရွေးချယ်ခံခဲ့ရတဲ့ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013