DVB Logo
Home
မြန်မာသတင်း
မ​ကွေးမြို့ ​အောင်​​မေတ္တာရပ်​ကွက်​ ကျူး​ကျော်​​နေအိမ်များကို ၁ လအတွင်း ဖယ်ရှားခိုင်း
DVB
·
December 12, 2018
မ​ကွေးမြို့ ​အောင်​​မေတ္တာရပ်​ကွက်​ ကျူး​ကျော်​​နေအိမ်များကို ၁ လအတွင်း ဖယ်ရှားခိုင်း
Donate to DVB

မ​ကွေးမြို့ ​အောင်​​မေတ္တာရပ်​ကွက်​က ကျူး​ကျော်​​နေအိမ်​ ၅၀ လောက်ကို မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနက ၁ လအတွင်း ဖယ်​ရှား​ပေးဖို့​ နို့တစ်​စာကပ်​သွားတဲ့အတွက်​ ၀န်ကြီးချုပ်ဆီ အသနားခံစာတင်သွားမယ်လို့ ဖယ်ရှားခိုင်းခံရသူတွေက ပြောပါတယ်။

အောင်​​မေတ္တာရပ်​ကွက်​နေ ကိုသိန်း​ဌေးက "မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီဌာနရုံးကို ​ခေါ်ယူကာ ဒီဇင်​ဘာလကုန်​မှာ ဖယ်​​ပေးရမယ်​လို့ ​ပြောပါတယ်​။ ဖယ်​​ပေးရမယ်​ဆိုရင်​ သွားစရာ​နေရာ မရှိပါဘူး။ နားလည်​တဲ့သူ​တွေနဲ့ တိုင်​ပင်​ပြီး ဝန်​ကြီးချုပ်​ဆီ အသနားခံစာ တင်​သွားမှာပါ" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

အောင်​​မေတ္တာရပ်​ကွက်​က မမိမိမာက "​ယခင်​တုန်းက ဒီ​နေရာ​တွေမှာ ဘယ်​သူမှ မ​နေကြဘဲ တနှစ်​တခါ ​ရေကြီးတဲ့ဒဏ်​လည်း ခံကြရပါတယ်​။ အစတုန်းက​တော့ တ​အိမ်​နှစ်​အိမ်​​လောက်​ပဲရှိပြီး ​နေစရာမရှိသူ​တွေက ရှင်းလင်းပြီး ​နေထိုင်​ကြတဲ့အတွက်​ အိမ်​​လေး​တွေ များလာတာပါ” လို့ ပြောပါတယ်​။

အောင်​​မေတ္တာရပ်​ကွက်​​နေ မယဉ်​မြတ်​မွန်​က “လက်​လုပ်​လက်​စား၊ ​နေ့စား၊ ကုန်​ထမ်းသမား​ တွေ ဖြစ်​ကြတဲ့အတွက်​ အိမ်​တအိမ်​ ​ရွှေ့မယ့်စရိတ်​ကို မရှိပါဘူး။ ဘယ်​မှလဲ မှီခိုအားထားလို့ မရရင်​​တော့ ဒုက္ခအကြီးကျယ်​​ရောက်​ပါပြီ” လို့ ပြောပါတယ်​။

မ​ကွေမြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦးမြင့်လွင်​က “စံပြ ၅ ဧက ​မြေ​နေရာအဖြစ်​ သတ်​မှတ်​ထားပြီး ၂၀၁၂ ခုနှစ်​ကတည်းက နှစ်​ ၃၀ ဂရမ်​ထွက်​ထားတာပါ။ စီမံချက်​အရ ဌာနဆိုင်​ရာအနေနဲ့ အများနဲ့သက်​ဆိုင်​တဲ့ ​မြေ​ပေါ်က ​ကျူး​ကျော်​​နေအိမ်​​တွေကို ရှင်းလင်း​ရေး​ဆောင်​ရွက်​​နေတယ်​။ မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနပိုင်​ စံပြ ၅ ဧက​မြေ​နေရာမှ ကျူး​ကျော်​​နေအိမ်​ ၅၀ ကို ပထမအကြိမ်​ နို့တစ်ပေးတာပါ။ နို့တစ်​စာ သုံးကြိမ်​ထုတ်​မှာဖြစ်​ကာ သူတို့အ​ခြေ​နေကြည့်​ပြီး ​ဆောင်​ရွက်​မှာပါ။ လက်​ရှိအချိန်​မှာ​တော့ တစုံတရာ တုံ့ပြန့်​မှု မရှိ​သေးဘူး” လို့ ပြောပါတယ်။

အဆိုပါ စံပြ ၅ ဧက စိုက်​ခင်း​မြေ​​နေရာ​ပေါ်က ကျူး​ကျော်​​နေအိမ်​​တွေကို ဒီဇင်​ဘာ ၃၀ ရက်​​နေ့မှာ ဖယ်​ရှား​ပေးဖို့​ ဒီဇင်​ဘာလ ၄ ရက်​​နေ့ရက်​စွဲနဲ့ မ​ကွေးမြို့နယ်​ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနက နို့တစ်​စာထုတ်​ပြန်​ထားတာပါ။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013