DVB Logo
Home
မြန်မာသတင်း
ဘဏ်ငွေထုတ်လာသည့် အမျိုးသမီးတဦး၏ ဆိုင်ကယ်ထဲကငွေ ခိုးယူသူကို ၀ိုင်းဝန်းဖမ်းဆီး
DVB
·
December 12, 2018
ဘဏ်ငွေထုတ်လာသည့် အမျိုးသမီးတဦး၏ ဆိုင်ကယ်ထဲကငွေ ခိုးယူသူကို ၀ိုင်းဝန်းဖမ်းဆီး
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ ဒီဇင်ဘာလ ၁၁ရက် နေ့လယ်ပိုင်းက ကမ္ဘောဇဘဏ်မှ ငွေထုတ်ပြီး ပြန်လာတဲ့ အမျိုးသမီးတဦးရဲ့ ဆိုင်ကယ်တူးဘောက်ထဲကငွေအား နှိုက်ယူသူတွေကို ရပ်ကွက်ပြည်တွေနဲ့ ရဲတပ်ဖွဲ့တို့ ဝိုင်းဝန်းဖမ်းဆီးမိတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့ အမှတ်(၁)ရက်ကွက်နေ မကြူကြူက “ဘဏ်ကငွေ သိန်း ၂၀ နဲ့ ၆ သောင်း ထုတ်ပြီး ကလစ်ဆိုင်ကယ် တူးဘောက်ထဲ ထည့်တယ်။ အပြန်မှာ ငွေလဝန်းစတိုးဆိုင်ရှေ့ ဆိုင်ကယ်ထားပြီး ဆိုင်ထဲဝင်တယ်။ အဲအချိန်မှာ လူငယ်တဦးက ဆိုင်ကယ်ခုံမပေးပြီး တဦးက လက်နဲနှိုက်ယူနေတာ မြင်တယ်။ သူခိုးလို့ အော်လိုက်တော့ လူတွေဝိုင်းလာတယ်။ ကွမ်းယာဆိုင်က အမတယောက်က အဲလူတွေကို ခဲနဲ့ထုတယ်။ အာရုံပြောင်းအောင် မှတ်ပုံတင်နဲ့ ငွေ ၁၀ သိန်း လမ်းပေါ်ပစ်ချခဲ့တယ်"လို့ ပြောပါတယ်။

ယာဉ်ထိန်းရဲတပ်ကြပ် ဇော်ဝင်းမြင့်က “ယာဉ်တွေ စစ်ဆေးနေတုန်း ငွေလုပြီး ထွက်ပြေး သွားတယ်လို့ စက်နဲ့ပြောလာတယ်။ မလှမ်းမကမ်းမှာ လူငယ်တဦး ကားတားနေတာ တွေ့တယ်။ ရပ်ကွက်လူကြီးတွေနဲ့ အဲလူငယ်ကို သွားမေးတယ်၊ သူ့ဘေးနားချထားတဲ့ အထုပ်ကိုတွေ့တယ်။ သက်သေတွေရှေ့မှာ ချထားတဲ့အထုပ်ကို ဖြေကြည့်တော့ ငွေ ၁၀ သိန်းတွေ့ရလို့ နယ်ထိန်း အဖွဲ့တွေ ခေါ်အပ်လိုက်တယ်”လို့ ပြောပါတယ်။

နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် ဇေယျာမိုးမြင့်က “လူငယ် ၃ ယောက် ဆိုင်ကယ်တစီးနဲ့ မန္တလေးဘက်က ဝမ်းတွင်းလာခိုးကြတယ်။ ယာဉ်စစ်တွေရှေ့ ၃ ယောက် မစီးတော့ပဲ ပိုက်ဆံနဲ့ လူ ၁ ယောက်ထားခဲ့တယ်။ ယာဉ်ထိန်းရဲက ကျနော်တို့ကို လှမ်းခေါ်တယ်။ ငွေတွေနဲ့အတူ ဖမ်းလိုက်တယ် ထွက်ပြေးသွားတဲ့ ၂ ယောက်ကိုလည်း အမြန်ဆုံး ဖမ်းမိအောင် လုပ်နေပါတယ်"လို့

ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှာ ဆိုင်ကယ်ထဲက ပိုက်ဆံ ခိုးယူသူ ၃ ဦးအနက် ငွေ ၁၀ သိန်းနဲ့တကွ ဖမ်းမိထားသူ အမရပူရမြို့နယ် ထုံးဘိုရွာနေ နိုင်မင်းထွန်း (၁၈နှစ်) ကို ခိုးယူမှု၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉/၁၁၄ နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013