
စက်တင်ဘာ ၇ ရက် သမ္မတ နဲ့ တွေ့တဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဆုံးဖြတ်ချက် အမှတ် ၂/ ၂၀၁၂ အတိုင်း တိုင်းရင်းသားရေးရာ ၀န်ကြီးတွေဟာ အခြားသော တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးတွေနဲ့ တန်းတူ ဖြစ်တယ်ဆိုတဲ့ အချက်ကို အကောင်အထည် ဖော်ပေးဖို့ အဓိကထား တင်ပြကြမယ်လို့ ကရင်ပြည်နယ်က မွန်တိုင်းရင်းသားရေးရာဝန်ကြီး နိုင်ချစ်ဦးက ပြောပြပါတယ်။
မနေ့က တိုင်းရင်းသားရေးရာ ၀န်ကြီး ၁၇ ဦး အင်းလျားလိပ်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးစဉ် ခုလို ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား တင်ပြစရာ အချက် ၅ ချက် ရှိနေသေးပြီး ဒါတွေကိုတော့ သမ္မတကြီးကို မပြောခင် ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ထုတ်ဖော်ပြောဆိုပါတယ်။











