DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်သွားမည်
DVB
·
December 11, 2018
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်သွားမည်
Donate to DVB

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ မနက်ဖြန် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပြီး ရခိုင်ပြည်နယ်ကိုလည်း သွားရောက်မယ်လို့ ရန်ကုန်ရှိ သြစတြေးလျ သံရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ရန်ကုန်၊ နေပြည်တော်နဲ့ စစ်တွေမြို့တို့ကို သွားရောက်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ မှတ်ချက်တွေ၊ ရလဒ်တွေအပါအဝင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတာကို ဩစတြေးလျအနေနဲ့ ထုတ်ဖော်ပြသပြီး ဖြစ်သလို ရခိုင်ပြည်နယ်အတွင်းက လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်း အတွက် ရေရှည် တည်တံ့တဲ့ အဖြေရှာနိုင်ဖို့ မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ တခြားမိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း စိတ်အားထက်သန်နေတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ခရီးစဉ်မှာ မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးတွေ၊ နိုင်ငံတကာက လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးနေသူ မိတ်ဖက်တွေနဲ့ တွေ့ဆုံပြီး နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာ ၁၂၉,၀၀၀တို့ရဲ့ အခြေခံလိုအပ်ချက်တွေကို ကာမိဖို့ ပေးအပ်နေတဲ့ ဩစတြေးလျရဲ့ အကူအညီတွေ အကြောင်းကိုလည်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013