DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 11, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၇၅၅၆ ကနေ ၉၃၇၆၂ အထိ ပေါက်ဈေးရှိပြီး ၂၃၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၂၀၇၆၂ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံက ပိသာ ၆၀ ဝင် တအိတ်ကို ၇၂၃၄၇ ပေါက်ဈေးရှိပြီး ၁၄၄၇ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံက ပိသာ ၆၀ ဝင်တအိတ်ကို ၇၂၀၀၀၀ ကနေ ၇၅၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၂၆၅၃ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်စမုံက ၄၅ ပိသာဝင် တအိတ်ကို ၂၁၀၀၀၀ ကနေ ၂၂၈၀၀၀ အထိ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ၄၅ ပိသာဝင် တအိတ်ကို ၂၁၀၀၀၀ မှ ၂၂၀၀၀၀  ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၈၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိသာဝင် တအိတ်ကို ၁၅၅၀၀၀ မှ ၁၆၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ၄၅ ပိသာဝင် တအိတ်ကို ၁၅၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၇၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိသာဝင် တအိတ်ကို ၁၅၃၀၀၀ ကနေ ၁၅၈၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ၄၅ ပိသာဝင် တအိတ်ကို ၁၅၈၆၂၅ ပေါက်ဈေးရှိပြီး ၇၈၇၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၆၂၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိသာကို ၅၀၀ ကနေ ၆၇၅ အထိ ပေါက်ဈေးရှိပြီး ၂၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိသာကို ၃၅၀ ကနေ ၇၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၂၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013