DVB Logo
Home
မြန်မာသတင်း
အိန္ဒိယသမ္မတကို နေပြည်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို
DVB
·
December 11, 2018
အိန္ဒိယသမ္မတကို နေပြည်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို
1 / 11
Donate to DVB

မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ အိန္ဒိယသမ္မတ ရမ်နက်သ်ကိုဗင့်ဒ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့မနက် နေပြည်တော်ရှိ သမ္မတအိမ်တော်ဝန်းအတွင်းမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆို ဂုဏ်ပြုခဲ့ပါတယ်။  

အဲ့ဒီနောက်မှာ အိန္ဒိယသမ္မတနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ရော  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပါ တွေ့ဆုံပြီး စီးပွားရေး အပါအ၀င် နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယသမ္မတ ရမ်နက်သ်ကိုဗင့်ဒ်နဲ့  ဇနီးမတီဆာဗီးတာကိုဗင့်ဒ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက် ညက နေပြည်တော်ကို သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ လာရောက်တာပါ။

ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ ၅ ရက်ကြာမယ့် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနေရပ် ပြန်လည်ချထားရေးအတွက် အသင့်နေနိုင်မယ့် အိမ်တွေ အိန္ဒိယက ကူညီထားတာတွေကို လွှဲပြောင်းပေးအပ်ဖို့ အပါအ၀င် ဒုက္ခသည်အရေးကိုလည်း ထည့်သွင်း ဆွေးနွေးသွားဖို့ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းလာခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ် မိုဒီ မြန်မာနိုင်ငံကို လာရောက်ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း  အိန္ဒိယမှာ ကျင်းပတဲ့ အိန္ဒိယ - အာဆီယံ ထိ ပ်သီး စည်းဝေးပွဲကို တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အိန္ဒိယ၀န်ကြီးချုပ်ဒီမိုဒီ မြန်မာပြည်လာရောက်ခဲ့သလို ၂၀၁၈ ခုနှစ် မေလပိုင်းက အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ဆူရှာမာဆွာရက် လာရောက်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့  ဆွေးနွေးခဲ့ ပါတယ်။

ဓာတ်ပုံ - Myanmar President Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013