DVB Logo
Home
မြန်မာသတင်း
ရတနာပုံဆိုင်ဘာစီးတီး ကျောင်းသားအသတ်ခံရမှု တရားခံအစစ်အမှန်ကို ဖမ်းဆီးရန်တောင်းဆို
DVB
·
December 11, 2018
ရတနာပုံဆိုင်ဘာစီးတီး ကျောင်းသားအသတ်ခံရမှု တရားခံအစစ်အမှန်ကို ဖမ်းဆီးရန်တောင်းဆို
Donate to DVB

ပြင်​ဦးလွင်​မြို့နယ် ​နည်းပညာတက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီး ကျောင်းသား တဦး အသတ်ခံခဲ့ရတာနဲ့ပတ်သက်​ပြီး ကျောင်းသားသမဂ္ဂအဖွဲ့ဝင်​တွေနဲ့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့  ဒီနေ့ တွေ့ဆုံပါတယ်​။

အခုလို​တွေ့ဆုံရာမှာ တရားခံအစစ်အမှန်ကို အမြန်ဆုံး ဖမ်းဆီးရမိစေရေး​ကျောင်း ပတ်ဝန်းကျင်လုံခြုံရေး တိုးမြှင့်ပေးရေးတို့ကို အဓိကထား တောင်းဆိုခဲ့ကြတယ်လို့ နည်းပညာ တက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီး ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုခွန်နိုင်ပြည့်ထွန်း ကပြောပါတယ်။

“မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်​။ နယ်လုံဝန်ကြီးရော တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ခရိုင် မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါကြတယ်​။ သူတို့အနေ တရားခံ ဖမ်းဆီးရေးကိုလည်း စစ်မှန်တဲ့ တရားခံဖြစ်ဖို့အတွက် DNA စစ်တာကအစ တိတိကျကျ အသေးစိတ် လုပ်မယ်​ပြောတယ်​အတွက် ​အားရ​ကျေနပ်​မိတယ်။ တရားစွဲတဲ့ အချိန်မှာ လည်း ပြစ်ဒဏ်လေးနက်တဲ့ ပုဒ်မတွေနဲ့ အရေးယူနိုင်အောင် ဆောင်ရွက်မယ်ပြောတယ်”

နည်းပညာတက္ကသိုလ် ရတနာပုံဆိုင်ဘာစီးတီးရဲ့ ပတ်ဝန်းကျင်မှာ လှည့်ကင်းပတ်ကင်းတွေ ချထားပေးမယ့်အပြင် လုံခြုံရေးရဲကင်းလည်း ချထားပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကတိ​ပေး​ပြောကြားခဲ့တယ်​လို့ ဆိုပါတယ်​။

နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘာစီးတီးမှာ ICT မေဂျာနဲ့ ဒုတိယနှစ် ပညာသင်ကြားနေတဲ့ ကိုထက်လင်းသန့်ဟာ ဒီဇင်ဘာ ၆ ရက်ညနေက အသတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်မှာ တရားခံတချို့ကို ဖမ်းဆီးရမိခဲ့ပါတယ်​။

ရတနာပုံဆိုင်​ဘာစီးတီး ပါ​မောက္ခ​နဲ့ တာဝန်​ရှိသူ​တွေကလည်း ဒီအမှုကိစ္စ တိုင်း​ဒေသကြီးအစိုးရနဲ့​ ဆွေး​နွေးခဲ့ကြပြီး ကျူးလွန်သူ​တွေကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၁၄နဲ့ အမှုဖွင့်ထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013