DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်ခွင့်မရသည့် ကျောင်းသား ၂၀၀ ကျော်ကို ပညာရေးနှင့်ကျန်းမာရေးဌာနတို့ ပေါင်းစပ်လက်ခံမည်
DVB
·
December 11, 2018
တက္ကသိုလ်ဝင်ခွင့်မရသည့် ကျောင်းသား ၂၀၀ ကျော်ကို ပညာရေးနှင့်ကျန်းမာရေးဌာနတို့ ပေါင်းစပ်လက်ခံမည်
Donate to DVB

ဘာသာစုံဂုဏ်ထူးထွက်ပြီး ဘယ်တက္ကသိုလ်မှ ၀င်ခွင့်မရဖြစ်နေတဲ့ ကျောင်းသား ၂၀၀ ကျော်ကို ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ခု ပေါင်းစပ်ညှိနှိုင်းပြီး ကျောင်းဝင်ခွင့် လက်ခံပေးဖို့ စီစဉ်နေပါတယ်။

ဒီဇင်ဘာ ၁၁ရက် ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကျောက်ဆည် မဲဆန္ဒနယ်က ဒေါက်တာ ဦးတင်အောင်က ၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူတွေကို ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်တွေအပါအဝင် အခြားအမှတ်မီတဲ့ တက္ကသိုလ် တွေမှာ ဝင်ခွင့်ရစာရင်းအတိုင်း ကျောင်းမအပ်ဘဲ လစ်လပ်သွားတဲ့ အရေအတွက်နေရာမှာ လက်ခံနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းကို ဖြေရင်း ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ပညာရေးဒုဝန်ကြီး ဦးဝင်မော်ထွန်းတို့က ပြောခဲ့ကြပါ။

ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “ကျနော်တို့ ပါမောက္ခချုပ်များ ကော်မတီကနေ ခေါ်ယူတွေ့ဆုံပြီး မိမိတို့ ၀ါသနာပါရာကို ဆန္ဒပြုစေခဲ့ရာမှာ ရန်ကုန်နည်းပညာ တက္ကသိုလ် ၉ ဦး၊ မန္တလေးနည်းပညာတက္ကသိုလ် ၃၀ ဦး၊ နည်းပညာတက္ကသိုလ် မန္တလေး ၆ ဦး၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ၂၁ ဦး၊ မန္တလေးကွန်ပျူတာတက္ကသိုလ် ၃ ဦး၊ ပညာရေးတက္ကသိုလ် ၅ ဦး၊ ရန်ကုန် နိုင်ငံခြားဘာသာသင်တက္ကသိုလ် ၁၇ ဦး၊ မန္တလေး နိုင်ငံခြား ဘာသာသင်တက္ကသိုလ် ၈ ဦး၊ အားလုံး ၁၁၇ ဦး ၀င်ခွင့်ပြုတဲ့အတွက် တက္ကသိုလ်တခုထဲ လျှောက်ထားစေကာမူ တက္ကသိုလ်ဝင်ခွင့်မရသည့် နစ်နာမှုမျိုး မရှိစေရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” လို့ ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။

မေးခွန်းမေးတဲ့ ဒေါက်တာဦးတင်အောင်က ဘယ်တက္ကသိုလ်မှ ၀င်ခွင့်မရတဲ့ ကျောင်းသား ၆၀ လောက်ရှိနေသေးလို့ သူတို့အတွက် ဘယ်လိုလုပ်ပေးမလဲလို့ ထပ်ဆင့်မေးမြန်းခဲ့ရာမှာ ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနဲ့ ပညာရေးဒုဝန်ကြီးတို့က ပေါင်းစပ်လုပ်ဆောင်ပေးမယ့် အကြောင်း လွှတ်တော်ထဲ ကတိပေးသွားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက်က ပညာရေးဝန်ကြီးဌာနက ထုတ်​ပြန်​ခဲ့တဲ့ စနစ်သစ် တက္ကသိုလ်ဝင်ခွင့်ကြောင့် ၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံ ဂုဏ်ထူးများစွာနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၁၇ ဦးဟာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်​တွေမှာ ပညာသင်ကြားခွင့် ဆုံးရှုံး​နေရတယ်​လို့​ နစ်နာသူတွေက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013