DVB Logo
Home
မြန်မာသတင်း
ကချင်လူထုလွတ်မြောက်ရေးလှုပ်ရှားသူ ၃ ဦးကို ပြန်လွှတ်ပေးရန် မြစ်ကြီးနားတွင် ဆန္ဒပြ
DVB
·
December 11, 2018
ကချင်လူထုလွတ်မြောက်ရေးလှုပ်ရှားသူ ၃ ဦးကို ပြန်လွှတ်ပေးရန် မြစ်ကြီးနားတွင် ဆန္ဒပြ
1 / 3
Donate to DVB

တရားမျှတမှုမရှိဘဲ ထောင်ချခံထားရတဲ့ ဦးလမ်းဇောင်း၊ ဦးဇော်ဂျက်နဲ့ ဒေါ်နန်ပူတို့ကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့နဲ့ တရားမျှတမှုကို ဖော်ဆောင်ဖို့ ကချင်လူထုတွေက ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။

တိုက်ပွဲကြားမှာ ပိတ်​မိနေတဲ့ ပြည်​သူတွေ လွတ်​​မြောက်​ရေး ကြိုးပမ်း​မှုကြောင့် တပ်​မ​​တော်ရဲ့ တရားစွဲဆိုခံရ​တဲ့  ဦး​ဇော်​ဂျက်​၊ ဦးလွမ်း​ဇောင်းနဲ့ ​ဒေါ်နန်​ပူတို့ကို ဒီဇင်ဘာလ ၇ ရက်က တရားရုံးက ထောင်​ဒဏ်​ ၆ လနဲ့ ​ငွေဒဏ်​ကျပ်​ငါးသိန်းစီ ချမှတ်ခဲ့တာပါ။

ဒီလို ထောင်ဒဏ်ချမှတ်တာကို ရှုတ်ချပြီး တရားမျှတမှုကိုရရှိ​စေဖို့ ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကချင်လူထုတွေက လှည့်လည် ဆန္ဒဖော်ပြနေကြပါတယ်။

လူသားချင်းစာနာထောက်ပံ့မှုအတွက် ကြိုးပမ်းခဲ့ကြသူတွေအပေါ် စီရင်ဆုံးဖြတ်မှုဟာ လွတ်လပ်ပြီး တရားမျှတတဲ့  တရားစီရင်ရေးမဟုတ်ကြောင်းနဲ့ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူတွေကို ဖိနှိပ်၊ နှိပ်ကွက်ခြင်း သက်သက်ဖြစ်တယ်လို့ လူထုဆန္ဒဖော်ထုတ်ရေးအစီအစဉ် ဖြစ်မြောက်ရေး ကော်မီတီက ထုတ်ပြန်ထားပါတယ်။

ထောင်ချခံထားရတဲ့ ခေါင်းဆောင် သုံးဦးကို ချက်ချင်းလွှတ်၊ အမှန်တရားဘက် ရပ်တည်မှုမရှိသော တရားသူကြီး အလိုမရှိ။ လွတ်လပ်ပြီး တရားမျှတသော တရားစီရင်ရေးမဏ္ဍိုင် အမြန်ဆုံး ဖော်ဆောင်ပေးရေး၊ လူ့အခွင့်အရေးချိုးဖောက်သူများကို  အရေးယူပေးရေး စတဲ့ ကြွေးကြော် ခဲ့ကြပါတယ်။

“တရားမျှတမှုမရှိဘဲနဲ့ ဖမ်းဆီးပြီးမှ ထောင်ဒဏ်ငွေဒဏ် ပြင်းပြင်းထန်ထန်ချမှတ်တဲ့အပေါ်မှာ အားလုံးက မကျေနပ်ဘူး။ ဒါကို အမှန်တရားဖော်ထုတ်ပွဲ တရားမျှတမှုမရှိဘဲ ဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ် သုံးဦးလွတ်မြောက်ရေး၊ လူထုဆန္ဒ ဖော်ထုတ်ပွဲဖြစ်မြောက်ရေးကော်မီတီဖွဲ့စည်းပြီးမှ ဒီကော်မီတီက ဦးဆောင်လုပ်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲပါ” လို့ ဆန္ဒပြပွဲဖြစ်မြောက်ရေးကော်မီတီ ဦးနော်အောင်က ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ ကချင်လူထုထောင်ချီပါဝင်ကာ မြစ်ကြီးနားမြို့ မနောကွင်းကနေစတင် ချီတက်ပြီး မြို့ကို လှည့်လည်ဆန္ဒထုတ်ဖော်ပြီး မနောကွင်းမှာပဲ ပြန်လည်စုဝေးခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013