DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များအားကူညီရန် ကြိုးပမ်းသဖြင့် ထောင်ချခံနေရသူ ၃ ဦးကို လွှတ်ပေးရန် ဆန္ဒပြ
DVB
·
December 11, 2018
စစ်ဘေးရှောင်များအားကူညီရန် ကြိုးပမ်းသဖြင့် ထောင်ချခံနေရသူ ၃ ဦးကို လွှတ်ပေးရန် ဆန္ဒပြ
1 / 8
Donate to DVB

စစ်ပွဲကြားပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုကြောင့် မတရားသဖြင့် ဖမ်းဆီးထောင်ချခံနေရသူ ၃ ဦးကို  ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြစ်ကြီးနားမြို့ရှိ စီတာပူ မနောကွင်းမှာ ဒီကနေ့မနက် စစ်ဘေးရှောင်တွေက ဆန္ဒပြတောင်းဆိုပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူနဲ့ ဦးလွမ်းဇောင်းတို့ကို ချွင်းချက်မရှိ လွှတ်ပေးဖို့၊ အမှန်တရားဖော်ထုတ်ဖို့ လူထုဆန္ဒဖော်ထုတ်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဆုတောင်းပွဲနဲ့အတူ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်တာဖြစ်ပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲမှာ စစ်ရှောင်ပြည်သူတွေအပြင် ဒေသခံတွေလည်း ပါဝင်ပြီး မြစ်ကြီးနားမြို့ထဲမှာ ဆိုင်းဘုတ်တွေကိုင်  စီတန်းလှည့်လည်ကြဖို့ရှိပါတယ်။

တိုက်ပွဲကြားပိတ်မိနေတဲ့ ပြည်သူတွေလွတ်မြောက်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီ ပေးရေးတောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူနဲ့ ဦးလွမ်းဇောင်းတို့ ၃ဦးကို အသရေဖျက်မှုနဲ့ တပ်မတော်က တရားပြုလုပ်တရားစွဲခဲ့ပြီး  ဒီဇင်ဘာ ၇ ရက်မှာ မြစ်ကြီးနား တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းစီချမှတ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013