DVB Logo
Home
မြန်မာသတင်း
အိန္ဒိယသမ္မတ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်ရှိ
DVB
·
December 11, 2018
အိန္ဒိယသမ္မတ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်ရှိ
Donate to DVB

အိန္ဒိယနိုင်ငံသမ္မတ ရမ်နက်သ် ကိုဗင့်ဒ်နဲ့ ဇနီး မတီဆာဗီးတာကိုဗင့်ဒ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အဖြစ် နေပြည်တော်မှာ ရောက်ရှိနေပါတယ်။

အိန္ဒိယသမ္မတနဲ့ အဖွဲ့ဟာ မြန်မာသမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၁၀ ရက် ညက နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ မြန်မာနိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေနဲ့ အိန္ဒိယသံအမတ်ကြီးတို့က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

အိန္ဒိယသမ္မတရဲ့ ချစ်ကြည်ရေးခရီးစဉ်ဟာ ၅ ရက်ကြာမြင့်မှာဖြစ်ပြီး ဒီကနေ့ နေပြည်တော်မှာ မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိသလို နှစ်နိုင်ငံ သဘောတူစာချုပ်တွေကိုလည်း လက်မှတ်ရေးထိုးကြဖို့ ရှိပါတယ်။

အိန္ဒိယသမ္မတနဲ့ ဇနီးတို့ဟာ နေပြည်တော်ကနေ ရန်ကုန်ကို ဆက်လက်သွားရောက်ဖို့ရှိပြီး အာဇာနည်ဗိမာန်ကို သွားရောက်ဂါရဝပြုဖို့လည်း အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013