DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 10, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၇၉၇၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၂၅၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၇၃၀၀၀ ကနေ ၇၅၀၀၀ ရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန် နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၄၇၀၀  ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၇၃၈၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၄၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  မန္တလေးပွဲစား ကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန် နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၂၀၀  ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲကြီး

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၁၀၀၀၀ ကနေ ၁၃၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၂၆၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲထောပတ်

မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်ပဲက ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၁၅၀၀၀ ကနေ ၁၆၀၀၀၀ ပေါက်ဈေးရှိပြီး မကွေးကုန်စည်ဒိုင်မှာလည်း ၁ အိတ်ကို ၁၈၀၀၀၀ ကျပ်ရှိပါတယ်။ မန္တလေး နဲ့ မကွေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၀၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် ၁ အိတ်ကို  ၁၆၀၀၀၀ ကနေ ၁၆၄၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၅၅၀၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး နဲ့ အောင်လံ ကုန်စည်ဒိုင် ၁ အိတ်ကို ၉၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၂၂၅၀၀၀ ကနေ ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၇၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၂၀၀၀၀ ကနေ ၂၂၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး နဲ့ အောင်လံကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013