DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်းပေါင်း ၇ သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်ဘိန်းညိုများ လွိုင်လင်တွင် ဖမ်းမိ
DVB
·
December 10, 2018
ကျပ်သိန်းပေါင်း ၇ သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်ဘိန်းညိုများ လွိုင်လင်တွင် ဖမ်းမိ
Donate to DVB

လွိုင်လင်မြို့နယ်မှာ ဘိန်းဖြူနဲ့ ဘိန်းညို ကျပ်သိန်းပေါင်း ၇ သောင်းကျော်ဖိုး ဖမ်းဆီးမိ ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၈ ရက် ည ၁၁ နာရီလောက်က လွိုင်လင်မြို့နယ်၊ ပန်ခေါက်ပိုးရွာ ဘုန်းကြီးကျောင်းရှေ့မှာ နမ့်စန်မြို့ဘက်က လွိုင်လင်မြို့ဘက်ကို ယာဉ်မောင်း လင်းလင်းပါ ၂ ဦး မောင်းလာတဲ့ ၁၂ ဘီးကားကနေ ဖမ်းမိခဲ့တာပါ။

အဲဒီကားနောက်ခန်း ပီနံအိတ် ၆၂ အိတ်ထဲက ဘိန်းဖြူ ၁၁၇.၇ ကီလို၊ ဘိန်းဖြူဘလောက်တုံး ၁၅၆ တုံး၊ အလေးချိန် ၅၂.၁၀၄ ကီလို၊ ဘိန်းဖြူစုစုပေါင်း ၁၆၉.၈၀၄ ကီလို (၁ ကီလိုကို ကျပ်သိန်း ၂၅၀ နှုန်းနဲ့ ကျပ် ၄၂,၄၅၁ သိန်း)၊ ဘိန်းညိုမှုန့် ကီလို ၂၀၀ (၁ ကီလိုကို သိန်း ၁၅၀ နှုန်းဖြင့် ကျပ် သိန်း ၃၀,၀၀၀)တို့ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်  သူတို့ကို လွိုင်လင် မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013