DVB Logo
Home
မြန်မာသတင်း
ပိတ်မိစစ်ဘေးဒုက္ခသည်အရေး ဆန္ဒပြမှုကြောင့် တရားစွဲခံသူများကို အာမခံပေး
DVB
·
December 10, 2018
ပိတ်မိစစ်ဘေးဒုက္ခသည်အရေး ဆန္ဒပြမှုကြောင့် တရားစွဲခံသူများကို အာမခံပေး
Donate to DVB

ကချင်ပြည်နယ် တိုက်ပွဲတွေအတွင်း ပိတ်မိစစ်ဘေးဒုက္ခသည်အရေး ဦးဆောင်သူတွေအား ထောင်ဒဏ်အမိန့်ချတာနဲ့ပတ်သက်ပြီး မကျေနပ်လို့ ဆန္ဒပြခဲ့သူ ၃ ယောက်ကို ဒီနေ့ မနက်ပိုင်းက  မြစ်ကြီးနားမြို့နယ် တရားရုံးက အာမခံပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ရွှေနဲ့ ပယင်းမှော်တွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပြီး ပိတ်မိနေတဲ့ ပြည်သူတွေကိုလွှတ်ပေးဖို့ ကချင်လူငယ်ထုတွေဟာ မေ ၃၀ လက သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြတောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် မနန်ပူ၊ ကိုဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ ၃ ယောက်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ အမှုဖွင့်ခဲ့ပြီး  ဒီဇင်ဘာ ၇ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်း အမိန့်ချမှတ်ခဲ့တာပါ။

ခေါင်းဆောင် ၃ ယောက် ထောင်ဒဏ်ချမှတ်ခံလိုက်ရတာ မကျေနပ်တဲ့အတွက် ဒီဇင်ဘာ ၇ ရက်နေ့မှာပဲ ကချင်လူငယ်အချို့ဟာ မြစ်ကြီးနားမြို့နယ် တရားရုံးကနေ မနောကွင်းအထိ လမ်းလျှောက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကချင်လူငယ် မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်၊ ကိုဆိုင်းခွမ်အောင် တို့ ၃ ဦးကို မြစ်ကြီးနား မြို့နယ်ရဲမှူးက တရားလိုလုပ်ပြီး ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့ပြီးနောက် ဒီနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013