DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းဆေးဥပဒေကြမ်းပါပုဒ်မ ၁၅ (စ) ကို ပယ်ဖျက်ပေးရန် စတစ်ကာ ကမ်ပိန်းပြုလုပ်
DVB
·
December 10, 2018
တိုင်းရင်းဆေးဥပဒေကြမ်းပါပုဒ်မ ၁၅ (စ) ကို ပယ်ဖျက်ပေးရန် စတစ်ကာ ကမ်ပိန်းပြုလုပ်
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ ဒီဇင်ဘာ ၆ ရက်နေ့က အတည်ပြုခဲ့တဲ့ တိုင်းရင်းဆေး ကောင်စီဥပဒေကြမ်းပါ ပုဒ်မ ၁၅ (စ) ကို ပယ်ဖျက်ပေးဖို့ ကန့်ကွက်တဲ့အနေနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာတိုင်းရင်းဆေးရုံ ကုတင် ၅၀ ဆံ့ ဆေးရုံကြီးမှာ ဆေးရုံဝန်ထမ်းတွေက စတစ်ကာ ကမ်ပိန်းတခု ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေမူကြမ်း အခန်း ၄၊ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (စ) မှာ တိုင်းရင်းဆေးဆရာ ဖြစ်ထိုက်သူရဲ့ အရည်အချင်းသတ်မှတ်အရ အစိုးရအသိအမှတ်ပြု ကျောင်းတွေ၊ သိပ္ပံတွေမှာ သင်ကြားခဲ့သူမဟုတ်ဘဲနဲ့ တိုင်းရင်းဆေးဆရာအဖြစ် မှတ်ပုံတင်ခွင့် တဆ ပေးခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒီလိုခွင့်ပြုခြင်းအားဖြင့် တိုင်းရင်းဆေးလောကမှာ နာမည်ပျက်လာနိုင်ပြီး ပြည်သူတွေ အသက်အန္တရာယ်တွေပါ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကို ကန့်ကွက်တဲ့အနေနဲ့ မုံရွာမြို့ တင်သာမက ရန်ကုန်၊ မန္တလေးအပါအဝင် အခြားတိုင်းနှင့် ပြည်နယ်တွေမှာလည်း ကန့်ကွက်မှုတွေ ပြုလုပ်နေကြပါတယ်။

မုံရွာမြို့မှာ ပြုလုပ်တဲ့ ပုဒ်မ ၁၅ (စ) ပယ်ဖျက်ပေးရေး လှုပ်ရှားမှုမှာတော့ စစ်ကိုင်းတိုင်း တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးမှူးကိုယ်တိုင် ပူးပေါင်းပါဝင်ခဲ့ပြီး မုံရွာကုတင် ၅၀ ဆံ့ ဆေးရုံက တာဝန်ရှိသူတွေ၊ သူနာပြုတွေ၊ သမားတော်တွေ၊ ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ခဲ့ကြ ပါတယ်။

စစ်ကိုင်းတိုင်းမှာ ဆေးကုဌာန ၂၁ ခု၊ တွဲဖက် မြို့နယ်ဆေးကုဌာန ၈ ခု၊ ခရိုင်ဦးစီးဌာန ၅ ခု၊ ၂၅ ကုတင်ဆံ့ဆေးရုံ ၂ ရုံ၊ ၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးရုံ ၅ ရုံ၊ ကုတင် ၅၀ ဆံ့ဆေးရုံ ၁ ရုံနဲ့ တိုင်းဒေသကြီး ဦးစီးမှူး ၁ ခုတို့ရှိပြီး ဝန်ထမ်းအင်အားဖွဲ့စည်းပုံအရ ၄၀၀ ကျော်ရှိပေမယ့် ၂၀၅ ယောက်နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။ ဥပဒေကြောင့် တိုင်းရင်းဆေးလောကကို ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဥပဒေ ပယ်ဖျက်ပေးရေးအတွက် နောက်ထပ်လည်း လှုပ်ရှားမှုတွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013