DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းနေအိမ် အနုကြမ်းဝင်စီးခဲ့သည့် သင်္ကန်းဝတ်ကို ၂ ရက်အတွင်း ဖမ်းဆီးရမိ
DVB
·
December 10, 2018
ဝန်ထမ်းနေအိမ် အနုကြမ်းဝင်စီးခဲ့သည့် သင်္ကန်းဝတ်ကို ၂ ရက်အတွင်း ဖမ်းဆီးရမိ
Donate to DVB

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်မှာ ဒီဇင်ဘာလ ၈ ရက်နေ့က ဗဟိုဘဏ် ၀န်ထမ်း ဒုညွှန်မှူးရဲ့ တိုက်အမှတ် (၁၉) အခန်း ၂၂ ကို ၀င်ရောက်အနုကြမ်းစီးခဲ့တဲ့ သင်္ကန်းဝတ် တရားခံကို ဒီကနေ့ ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၅) နယ်မြေရဲစခန်းက ပြောပါတယ်။

“တရားခံက မိပါပြီ၊ ဒါပေမယ့် ဟိုမှာပဲရှိသေးတယ်။ အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ မိပြီလို့ပဲ ပြောလို့ရပါသေးတယ်” လို့ စခန်းမှူး ရဲအုပ် ဇော်မင်းက ပြောပါတယ်။

တရားခံကို ပြည်ခရိုင်အတွင်းမှာရှိတဲ့ ၀က်ထီးကန်မြို့နယ်မှာ ဖမ်းဆီးရမိထားတာဖြစ်ပြီး သက်ဆိုင်ရာ စခန်းပြောင်းရွှေ့ အရေးယူဆောင်ရွက်နိုင်ဖို့ကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဒုညွှန်မှူး ဒေါ်လဲ့လဲ့နု ဈေးဝယ်အပြန် ဘုန်းကြီးတပါးက နေအိမ်အတွင်း ရောက်ရှိနေပြီး အိပ်ခန်းအတွင်း ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံယူနေတာကို တွေ့တဲ့အတွက် ဘယ်လို ရောက်နေတာလဲ။ ဘယ်ဘာကြောင့်ယူရတာလဲ မေးမြန်းခဲ့ပြီး အဲ့ဒီ ဦးဇင်းက စာဖြေဖို့ ယူတာဖြစ်ပြီး မအော်ဖို့ တောင်းဆိုခဲ့တယ်။ အော်ရင် သက်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆို တွန်းလဲထွက်ပြေးသွားခဲ့တယ်လို့ ရဲစစ်ချက်မှာ ဒေါ်လဲ့လဲ့နုက ထွက်ဆိုထားပါတယ်။

ရဟန်းဝတ် ဦးဇင်း ထွက်ပြေးသွားပြီး မိနစ်ပိုင်းအတွင်း နေအိမ်အောက်ထပ်မှာ ကား စစ်ဆေးနေတဲ့ အမျိုးသား (ဒေါ်လဲ့လဲ့နုရဲ့ ခင်ပွန်း) ကို ပြောဆိုခဲ့ပြီး သက်ဆိုင်ရာ နယ်မြေစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

တရားခံကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013