DVB Logo
Home
မြန်မာသတင်း
ပြည်နယ်တိုင်း ၅ ခုတွင် ကျန်းမာရေး Mobile Tablet အလုံး ၈၀၀၀ ကျော် ဖြန့်ဝေထား
DVB
·
December 10, 2018
ပြည်နယ်တိုင်း ၅ ခုတွင် ကျန်းမာရေး Mobile Tablet အလုံး ၈၀၀၀ ကျော် ဖြန့်ဝေထား
Donate to DVB

ပြည်သူ့ကျန်းမာရေးဆိုင်ရာ၊ နောက်ဆုံးပေါ် ကုသမှုနည်းစနစ်တွေနဲ့ ကျန်းမာရေး အသိပညာတွေ ထည့်သွင်းထားတဲ့ Mobile Tablet အလုံး ၈၀၀၀ ကျော်ကို ပြည်နယ်တိုင်း ၅ ခုမှာ ဖြန့်ဝေထားပြီးဖြစ်တယ်လို့ ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကရင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆရာဝန်တွေထံ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ကယားပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့က အခြေခံကျန်းမာရေးဝန်ထမ်းတွေ၊ မြို့နယ်နဲ့ တိုက်နယ်ဆရာဝန်တွေ စုစုပေါင်း (၈၇၀၀) ဦးလောက်ကို  Mobile Tablet တွေ ဖြန့်ဝေပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အခြေခံကျန်းမာရေးဝန်ထမ်းတွေဆီ ဖြန့်ဝေခဲ့တဲ့ Mobile Tablet တွေမှာ စာအုပ်စာတမ်း ပေါင်း (၁၂၀) ကျော်နဲ့  အသုံးချဆော့ဝဲလ် (application) တွေ ပါဝင်ပါတယ်။

မြို့နယ်/တိုက်နယ် ဆရာဝန်တွေဆီ ဖြန့်ဝေခဲ့တဲ့ Mobile Tablet တွေမှာတော့ စာအုပ် စာတမ်းပေါင်း (၅၃၀) ကျော်နဲ့ အသုံးချဆော့ဝဲလ် (application)တွေ ပါဝင်ပါတယ်။

အဲ့ဒီ စာအုပ်စာတမ်းတွေ အသုံးချဆော့ဝဲလ်တွေကို  ဆက်သွယ်ရေးကွန်ရက် (online) နဲ့ အသုံးပြုနိုင်ရုံသာမက ဆက်သွယ်ရေး ကွန်ရက်မရှိဘဲ (offline) နဲ့ လည်း အသုံးပြုနိုင်ပါတယ်။

Mobile Tablet တွေကို အသုံးချပြီး အရေအတွက် များပြားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းတွေကို တပြိုင်နက် ပြုလုပ်နိုင်မယ်။

ကပ်ရောဂါအသွင် ရောဂါဖြစ်ပွားနိုင်မယ့် အခြေအနေ၊ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေ အနေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွေမှာ သက်ဆိုင်ရာ ဝန်ထမ်းတွေဟာ ဗဟိုအဆင့်နဲ့ တာဝန်ရှိသူတွေဆီကို အချိန်နဲ့တပြေးညီ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပြီး အလျင်အမြန် ထိန်းချုပ်နိုင်မယ်။

ဝန်ကြီးဌာန ညွှန်ကြားချက်တွေ၊ ထုတ်ပြန်ချက်တွေနဲ့ လုပ်ဆောင်ဖို့ အချက်တွေ၊ အရေးကြီးတဲ့ သိရှိရမယ့်အချက်တွေကို သက်ဆိုင်ရာ ဝန်ထမ်းများအားလုံးဆီ အပတ်စဉ် (သို့မဟုတ်) အချိန်နဲ့ တပြေးညီ ပေးပို့နိုင်မယ်။၊

စာရွက်စာတမ်း အသုံးပြုရန်မလိုအပ်တော့ဘဲ အီလက်ထရောနစ်စနစ်နဲ့ သတင်း အချက်အလက် စာရင်းဇယားတွေ ပေးပို့နိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013