DVB Logo
Home
မြန်မာသတင်း
မြန်မာသံဃာ ၅ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးကို ထိုင်းနိုင်ငံက Naga Award ထူးချွန်ဆု ချီးမြှင့်
DVB
·
December 10, 2018
မြန်မာသံဃာ ၅ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးကို ထိုင်းနိုင်ငံက Naga Award ထူးချွန်ဆု ချီးမြှင့်
1 / 10
Donate to DVB

ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ၊ မီဒီယာ၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ ၅ ဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ချီးမြှင့်လိုက်တဲ့ International Naga Award 2018 လူမှုထူးချွန်စံပြဆုရရှိသူတွေထဲမှာ မြန်မာ ရဟန်းသံဃာ ၅ ပါးနဲ့ လူပုဂ္ဂိုလ် ၄ ဦးတို့လည်း ပါဝင်ပါတယ်။

ဆုရ မြန်မာသံဃာတော်တွေထဲမှာ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့  စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဗုဒ္ဓဘာသာ ပညာရေးစင်တာရဲ့ ပဓာနနာယက ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တသောဘိတလည်း ပါဝင်ပါတယ်။။

ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က ဘန်ကောက်မြို့၊ ထိုင်းအမျိုးသား ပြဇာတ်ရုံမှာ ကျင်းပခဲ့ပြီး ထိုင်း၊ မြန်မာ၊ လာအို၊ နီပေါ၊ ကမ္ဘော ဒီးယား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ သီရိလင်္ကာ စတဲ့နိုင်ငံက ဆုရရှိသူပေါင်း ရာနဲ့ချီ တက်ရောက် ဆုယူခဲ့ပါတယ်။

ဆုရသံဃာတစ်ပါးဖြစ်တဲ့ ရှမ်းပြည်နယ်  ဗုဒ္ဓတက္ကသိုလ်မှ  ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တ နော်ခမ်းလှ ဓမ္မ္မသာမိက “မြန်မာပြည်မှာ ဘာသာ၊ သာသနာအကျိုးအတွက်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်နေတဲ့ စေတနာဝန်ထမ်းတွေအများကြီးရှိတယ်။ အဲဒီထဲက သူတို့လက်လှမ်းမီတဲ့၊ ဆုရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်ထဲ ၀င်သူတွေကို ပေးတာလို့ သိရပါတယ်။  ဘုန်းဘုန်းအနေနဲ့တော့ သာသနာပြုလုပ်ငန်းနှစ်ပေါင်း ၄၀ ကျော်လုပ်လာတာ ဘာဆုကိုမှလဲ မမျှော်လင့်ပါဘူး။ ခုလို ကိုယ့်လုပ်ဆောင်ချက် အသိအမှတ်ပြု ခံရတော့လည်း ရှေ့ဆက် သာသနာအကျိုးသယ်ပိုးဖို့ ပိုအားရှိလာတာပေါ့နော်။”

ဆရာတော်ဟာ ၂၀၁၂ ခုနှစ်က သီရိလင်္ကာနိုင်ငံကနေ ပီအိတ်ခ်ျဒီ ဒေါက်တာဘွဲ့ရခဲ့ပြီး ထိုင်းနိုင်ငံ မဟာကျူလာလောင်ကွန် ဗုဒ္ဓတက္ကသိုလ်  နဲ့ အင်ဒိုနီးရှားနိုင်ငံ  ဗုဒ္ဓတက္ကသိုလ်မှာ နည်းပြ အဖြစ် ၃ နှစ်စီ လုပ်ဆောင်ခဲ့ပြီး အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေမှာလည်း သာသနာပြု ခဲ့ပါတယ်။

နောက်ထပ် ဆုရရှိသူတစ်ဦးကတော့့ ရှမ်းပြည်နယ် တောင်ကြီးမြိုက ငွေစံအိမ်ရိုးရာ အထည်လုပ်ငန်းရှင် နန်းစံလှိုင်းဖြစ်ပါတယ်။ သူဟာ ရှမ်းပြည်နယ် မိခင်နဲ့ ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအဖွဲ့မှာ ဒုဥက္ကဋ္ဌအဖြစ် ၆ နှစ်တာ လုပ်ကိုင်ခဲ့ပြီး လက်ရှိ ရှမ်းပြည်နယ် WEWG (Women Entrepreneurship Working Group)ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်ကာ အမျိုးသမီး စွမ်းရည်မြှင့်မားရေး သင်တန်းတွေပို့ချနေပါတယ်။

တခြားဆုရတဦးကတော့ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် မတ်ကျိုင်းဌာနေပြည်သူ့ စစ်ခေါင်းဆောင် ဦးလင်းဆိုင်ဖြစ်ပါတယ်။ သူကတော့ ဒေသထဲကလူငယ်တွေ ပညာရေးအတွက် စာသင်ကျောင်းတွေ ဆောက်လုပ်ပေးပြီး ဘာသာသာသနာပြန့်ပွားရေး စေတီကျောင်းကန် အလှူဒါယကာတစ်ဦးဖြစ်ကာ ဒေသထဲကရွာသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းရရေး ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပါတယ်။

နောက်ထပ်ဆုရသူတွေမှာ မြန်မာအမျိုးသမီး နှစ်ဦးဖြစ်တဲ့  ဒေါက်တာ စောထွဋ်စန္ဒာနဲ့  ဒေါ်တင်တင်ကြည်တို့လည်း ပါဝင်ပါတယ်။

Naga Award  မှာ ပါဠိလို နဂါးဆုလို့ အဓိပ္ပါယ်ရပြီး အာရှတိုက်ရှိ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားရေး၊ လူမှုစီးပွားတိုးတက်မြင့်မားရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်နေသူ စေတနာရှင်တွေကို စံပြအနေနဲ့ ရွေးချယ်ပေးအပ်တာ ဖြစ်ပါတယ်။

ဆုရွေးချယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံထဲကို ကိုယ်စားလှယ်စေလွှတ်ပြီး ဘာသာ၊ သာသနာ အကျိုး၊ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းတွေ အားကြိုးမာန်တက်လုပ်ဆောင်ခဲ့တဲ့ ရဟန်းရှင်လူ ပုဂ္ဂိုလ်အမည်စာရင်းတွေကို သူတို့လက်လှမ်းမီသလောက် ကောက်ခံခဲ့ကာ ဆုပေးအဖွဲ့က သတ်မှတ်ထားတဲ့ ဘောင်ထဲပါဝင်သူတွေ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဆုကို ထိုင်းနိုင်ငံရှိ ပြည်သူ့ဆက်သွယ်ရေးကောင်စီ၊ လူထုမီဒီယာဆက်ဆံရေးအသင်း၊ နိုင်ငံတကာသာသနာရေးကောင်စီ၊ လူငယ်မြှင့်တင်ရေးစေတနာ့ဝန်ထမ်းများအသင်းနဲ့ ဘန်ကောက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဖောင်ဒေးရှင်းတို့က ပူးပေါင်းပြီး ဒေသတွင်းရှိ အလွှာစုံက လူမှုထူး ချွန်သူ စံပြပုဂ္ဂိုလ်တွေကို ပထမဆုံးအကြိမ် ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။  

ဓာတ်ပုံ - Aphinita Chaichana၊  Saw Htut Sandar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013