Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင်  ရှေးဟောင်းစေတီ ဌာပနာအဖောက်ခံရ
DVB
·
December 10, 2018
48374606_2820074918131507_6028037164585975808_n
48372398_2820074848131514_7944370710711894016_n
48364814_2820074978131501_1605947886120468480_n
48266930_2820074874798178_7446936583560757248_n
47681502_2820074798131519_1327256615153303552_n
47580334_2820074944798171_8520474869060599808_n
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဒါးလှကျေးရွာအုပ်စု၊ ပေါက္ကံရွာမှာ ဒီဇင်ဘာ ၉ ရက်မနက်က  ရှေးဟောင်းဘုရားစေတီတဆူ ဌာပနာဖောက်ယူခံခဲ့ရပါတယ်။ ပေါကံ္ကရွာ ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဦးပဉ္စင်း ဥူးဇာဂရက “ဌာပနာအဖောက်ခံရတဲ့ ဘုရားစေတီက ဦးပဉ္စင်းတို့ ဘိုးဘေးတွေ မမွေးခင်ကတည်းက ဒီဘုရားစေတီရှိနေတယ်လို့ ပြောပါတယ်။ နှစ်ရာချီရှိနေတဲ့ ဘုရားစေတီပဲ ဌာပနာထည့်ထားတာက ကျောက်ပြားကြီး ၄ ချပ်အလယ်မှာ ထည့်ထားတာ၊ အုတ်ချပ်ကြီးတွေက အကြီးကြီးတွေပဲ၊ ဌာပနာဖောက်သူတွေ ကျနေခဲ့တဲ့ ရုပ်ပွားတော်လေးဆို ဦးခေါင်းမှာ နဂါးခေါင်းစွပ်စွပ်ပြီး လက်အုပ်ချီနေတဲ့ ပုံတော်ပဲ ကြေးသွန်းရုပ်ပွားလေးပဲ ၅ ကျပ်သားလောက်တော့ လေးမယ်၊ ဘုရားစေတီတွေ ဌာပနာ အဖောက်မခံရအောင် ဘာလုပ်ရမှန်း ဥူးဇင်းလည်း မသိတော့ဘူး” လို့ ဒီဗွီဘီကိုပြောပါတယ်။ ဘုရားစေတီဘေးမှာရှိတဲ့ လက်နှိပ်ရေတွင်း၊ ရုပ်ပွားတော်တဆူ၊ အုတ်ခွက်ဘုရား၊ ဖျက်ဆီးခဲ့သလို လက်အုပ်ချီ ကြေးသွန်းရုပ်ပွားပုံတော်အား အုတ်ကျိုးတွေအကြားက တွေ့ရှိခဲ့ပါတယ်။ ဝမ်းတွင်းမြို့နယ်အတွင်းမှာ ခံဘူးရွာ ပလဝါရွာ သစ်ပုလွေကန်ရွာများက ဘုရားစေတီတွေ ကို ဌာပနာဖောက်သွားခဲ့ပြီး ၄ ရွာမြောက်အဖြစ် ပေါကံ္ကရွာက ဘုရားစေတီအား ဌာပနာ အဖောက်ခံရတာ ဖြစ်ပါတယ်။ ပေါက္ကံရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဦးက “ကျနော်တို့ရွာနားပတ်လည် ရှေးဟောင်းစေတီတွေ ဌာပနာအဖောက်ခံနေရတယ်။ ဒီတလ နှစ်လအတွင်းမှာပဲ ကျနော်သိသလောက်တော့ စေတီ ၄ ဆူ ရှိသွားပြီ။ အခုလည်း သက်ဆိုင်ရာတွေကိုတော့ အကြောင်းကြားထားတယ်။ လွန်ခဲ့ ၂ နှစ် လောက်က ဒီစေတီကိုပဲ လွန်နဲ့လာဖောက်တယ်။ အခုကတော့ လူတကိုယ်စာ ဝင်နိုင်အောင်တူးပြီး ဖောက်သွားတာပဲ။ ဌာပနာရှိမယ့်နေရာကို သိထားသလို ဖောက်သွားတယ်။ နောက်ထပ် စေတီတွေ ဌာပနာ အဖောက်ခံရမှာ စိုးရိမ်တယ်” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ခံဘဲ့ရွာမှာလည်း ဘုရားစေတီ လေးဆူလောက် ဌာပနာ အဖောက်ခံခဲ့ရတယ်ဆိုတာ သိရပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024