
မြန်မာ-အိန္ဒိယနယ်စပ်ရှိ နန်းဖာလုံဈေး ဒီဇင်ဘာလအတွင်း အရောင်းအဝယ်အားကောင်း နေတယ်လို့ နန်းဖာလုံဈေးရောင်းချသူတွေက ပြောပါတယ်။
နန်းဖာလုံဈေးမှာ ဈေးရောင်းချသူ ဦးကျော်စိုးက “ဒီဇင်ဘာလကတော့ ဆောင်းရာသီလည်းဖြစ် ခရစ္စမက်ကာလလည်းဖြစ်ပြီး အဝတ်အထည်နဲ့စောင် အနွေးထည် အဝတ်အစား ဖိနပ်များရောင်းရမှုပိုများတယ်။ ဖိနပ်တန်းတော့ လူတိုး မပေါက်ဘူး" လို့ပြောပါတယ်။
ဒါ့အပြင့် အိန္ဒိယငွေးကြေးဖြစ်တဲ့ ရူပီးငွေတန်ဖိုးမှာလည်း ကျဆင်းနေရာမှ ပြန်လည် မြင့်တက်လာကြောင်းလည်း သိရတယ်လို့ နန်းဖာလုံဈေးရောင်းချသူ ဒေါ်နီလာက ပြောပါတယ်။
“ရူပီးငွေဈေးလည်း အရင်ရက်ပိုင်းက ၁၀ ရူပီးကို မြန်မာငွေကျပ် ၁၉ဝ အထိ ကျလိုက်ပြီး အခုရက်ပိုင်းအတွင်း ၁၀ ရူပီးကို မြန်မာငွေကျပ် ၁၂၀ ကျော်ထိပြန်တက်လာလို့ ဈေးရောင်းသူ အနေနဲ့လည်း ရောင်းတွက်ကိုက်တယ်လို့ ပြောပါတယ်။ နန်ဖာလုံးဈေးက ပစ္စည်းအရေအတွက် များများရောင်းရမှသာ အမြတ်ရတယ် ဆိုင်တိုင်းကလည်း တရုတ်ပြည်ထိ ပစ္စည်းတွေကို တိုက်ရိုက်မှာလို့ ဈေးနှုန်းကအရမ်းတင်လို့ မရဘူး။ အများနည်းတူ အိန္ဒိရူးပီ ၁၀ လောက်သာ အမြတ်ရလို့ အခုလို အချိန်ငွေဈေးတက်မှအမြတ်ကျန်တယ်။”










