DVB Logo
Home
မြန်မာသတင်း
အွန်​လိုင်းမဲစု​ကြေး ငွေ​သိန်း​​ထောင်ချီ​လိမ်​လည်​ခံရသူ​များ သတင်းစာရှင်းလင်း
DVB
·
December 9, 2018
အွန်​လိုင်းမဲစု​ကြေး ငွေ​သိန်း​​ထောင်ချီ​လိမ်​လည်​ခံရသူ​များ သတင်းစာရှင်းလင်း
Donate to DVB

တောင်​ကြီးမြို့နယ်​ ​ရွှေ​ညောင်​မြို့ ​အောင်​သ​ပြေရပ်​ကွက်မှာ​ ​နေထိုင်​တဲ့ အမျိုးသမီးတဦးက အွန်​လိုင်းမဲစု​ကြေး သိန်း​ထောင်​ချီလိမ်​လည်​သွားတဲ့အတွက်​ ခံရသူ အ​​ယောက်​ ၂ဝ ​ကျော်​က​ ရှမ်းစာ​ပေနဲ့ယဉ်​​ကျေးမှုခန်းမမှာ ဒီဇင်​ဘာ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်​ပါတယ်​။

အဓိက ​ငွေ​ကြေး လိမ်​လည်​သွားတဲ့အပြင်​ စု​ကြေးပါဝင်​သူ​တွေကို ရိုင်းစိုင်းစွာ​ပြောဆိုတာနဲ့ ဥပ​ဒေ မထီမဲ့မြင်​ ပြုလုပ်​တာကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်​ရတာလို့ ဆိုပါတယ်။

မဲတစုကို မက်​လုံး​ပေးပြီး ပုံမှန်​​ရောင်းချတဲ့အတွက်​ မဲစု​ကြေးဝယ်​သူ ပိုမိုများလာပြီးနောက် အခုလို လိမ်​လည်​သွားတာလို့ သိန်းတ​ထောင်​​ကျော်​ လိမ်​ခံရသူ အောင်သပြေမှ မသင်းမာ​အောင်​ က ပြောပါတယ်။

“မဲစလုပ်တာက ၅ လပိုင်းမှာ။ ၁ လကို ၅ သိန်းမြတ်တယ်ပြောတယ်။ အဲဒီကနေစပြီးတော့ သူက ပါဝင်ဖို့ပြောတယ်။ ၇ လပိုင်း ၁၅ ရက်နေ့မှာ ကျမတို့ ၁ စုလောက် စမ်းဝယ်လိုက်တယ်။ ထုတ်မယ့်ရက်မှာ အမြတ်ရော အရင်းရော သူထုတ်ပေးတယ်။ သိန်း ၅ဝ ဝယ်လို့ သိန်း ၇ဝ ရမယ်ဆိုရင်လည်း ၇ဝ လုံးကို သူပေးတယ်။ အဲဒီအချိန်မှာ ကျမတို့ကလည်း သူ့ကို တဖြည်းဖြည်းနဲ့ ယုံလာပြီး ဝယ်တာတွေက များလာတာပေါ့။ သူစပြီးလိမ်တာက ၁၁ လပိုင်း ၁၄ ရက်နေ့မှာ စပြီးမထုတ်ပေးတော့တာ။ ၁၅ ရက်နေ့မှာ သူ့အိမ်ကို သွားထုတ်တော့ သူ့မိသားစုတွေက သူမရှိဘူးလို့ ပြောတယ်။ ၁၆ ရက်နေ့မှာ သူ့အိမ်ကိုသွားတော့ သူ့အထက်ဒိုင် ပြေးတယ်ဆိုပြီးတော့ သူ့အမျိုးသားနဲ့အတူ ရက်ကုန်ကို လိုက်သွားမယ်ဆိုပြီး ခုချိန်ထိ ပြန်မလာတော့ဘူး။”

အလိမ်​ခံရသူ မနန်းခမ်းဦးက “စစချင်း တစုနှစ်နှစ်စုဝယ်တယ်။ ရတော့မယ့်အချိန်ဆိုရင် သူက ဆွဲဆောင်တာပေါ့နော်။ ဒီလောက်ရမယ် ဒီလောက်တော့ဝယ်လိုက် အမှန်တိုင်းပြောရရင် ကိုယ်တွေလည်း လောဘတွေတက်ပြီးတော့ ဝယ်တာ၊ သူငယ်ချင်းအပေါင်းအသင်းတွေရော ပါကုန်တာပေါ့။ ညီမ အရင်းချည်းပဲ သိန်း ၁ ထောင်ကျော်လောက်ပါတယ်။” လို့ ပြောပါတယ်။

အောင်​သ​ပြေရပ်​ကွက်​နေ သိန်း​ ၄၀၀ ကျော်​ အလိမ်​ခံရသူ မြတ်​သွန်း​မောင်​က “မှန်မှန်ကန်ကန် တိတိကျကျ ကိုယ့်ပိုက်ဆံကိုယ်ပြန်လိုချင်တာ တကဏ္ဍရယ်၊ ငွေကြေးလိမ်လည်တဲ့ လူတိုင်းကို နိုင်ငံတော်ကနေ ဒီလိုပဲ ဆက်လွှတ်ထားဦးမလား၊ ပြင်းထန်တဲ့ ဥပဒေတခုကို ကျနော်တို့က သတ်မှတ်စေချင်တယ်။ အဲဒါကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ငွေ​ကြေးကို နိုဝင်​ဘာ ၁၅ ရက်​​နေ့က စတင်​လိမ်​လည်ခံရတာဖြစ်ပြီး အွန်​လိုင်းမဲစု​ကြေး လိမ်​လည်​ခံရသူ​ ၇၉ ဦးရှိပါတယ်။ အဲဒီထဲက စုစုပေါင်း သိန်း ၅၂၀၀ ကျော် အလိမ်ခံခဲ့ရတဲ့ အယောက် ၂၀ ​ကျော်​က ​ရွှေ​ညောင်​ ရဲစခန်းမှာလည်း ပုဒ်​မ ၆၆ (ဂ) နဲ့ အမှုဖွင့်ထားပြီးဖြစ်​ပါတယ်​။

လိမ်​လည်​ခံရသူ​တွေက ​တောင်​ကြီးမြို့နယ်​ ​ရွှေ​ညောင်​မြို့ ​အောင်​သ​ပြေရပ်​ကွက်​ ​နေထိုင်​သူအပြင်​ မန္တ​လေး၊ ရန်​ကုန်​၊ ​မော်​လမြိုင်​ စတဲ့ အခြားမြို့​တွေလည်းပါတယ်​လို့ သတင်းစာရှင်းလင်းပွဲ လုပ်​သူ​တွေက ဆိုပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013