DVB Logo
Home
မြန်မာသတင်း
ပုလဲမွေးမြူရေးကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်ရေး အခက်အခဲကြုံတွေ့
DVB
·
December 9, 2018
ပုလဲမွေးမြူရေးကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်ရေး အခက်အခဲကြုံတွေ့
Donate to DVB

ကျွန်းစုမြို့နယ်၊ နတ်သမီးရေတွင်းကျွန်းမှာ ပုလဲမွေးမြူရေးလုပ်ငန်းကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်ရေး အခက်အခဲ ကြုံနေကြတယ်လို့ သိရပါတယ်။

ကျွန်းစုမြို့နယ်၊ နတ်သမီးရေတွင်းကျွန်းမှာ ပုလဲမွေးမြူရေး အဏ္ဏဝါပုလဲကုမ္ပဏီက ဒီဇင်ဘာ ၆ ရက်နေ့က ကျွန်းရတနာခန်းမမှာ ပြုလုပ်တဲ့ပတ်ဝန်းကျင်နဲ့ လူမှုအကျိုးသက်ရောက်မှုဆိုင်ရာ ဆွေးနွေးပွဲမှာ  ဒေသခံတွေက ပြောဆိုခဲ့တာပါ။

ဒုံးညောင်မှိုင်းကျေးရွာမှ ဒေါ်ဝင်းဒါလီလှိုင်က “ဒေသခံတွေ လုပ်ကိုင်စားသောက်နေတာတွေလည်း ခက်ခဲလာတယ်။ ပင်လယ်ထဲမှာ သယံဇာတတွေ ရှားပါးလာတော့ ကျွန်းတွေ အနီးနားမှာလည်း လုပ်ကိုင်စားသောက်ဖို့ မလွယ်တော့ဘူး။ အခုပုလဲမွေးမြူရေးက လုပ်ငန်းတွေ လာရောက်လာကိုင်တော့ ဒေသခံတံငါလှေတွေ ကျွန်းပေါ်မှာ ရချိုခပ်ခွင့်တောင်မရှိတော့ဘူး၊ သွားခပ်လို့ ကုမ္ပဏီကလူတွေနဲ့တွေ့ရင် လှေတွေကိုသိမ်းတယ်။ ဆလုံတိုင်းရင်းသားတွေဆိုလည်း ဒီကျွန်းနားက ကျောက်ပုံတွေမှာ ဘိုးဘွားစဉ်ဆက်ကတည်းက "ပငို"ကောင်တွေ ရှာဖွေပြီး ဝမ်းစာရှာနေတယ်။ အဲဒါလည်း ကုမ္ပဏီက တားမြစ်လိုက်တယ်။ တကယ်ဆို ဒါတွေကိုလိုက်လျောပေးဖို့လိုမယ်'' လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ပတ်ဝန်းကျင်ဆန်းစစ်ချက်တွေကို ဒေသခံအား ဖြန့်ဝေထားတာမရှိသလို လိုအပ်ချက် များစွာရှိခဲ့တယ်လို့ မြိတ်ခရိုင် ၈၈ မျိုးဆက်မှ ဦးပိုအင်က ထောက်ပြပြောဆိုခဲ့ပါတယ်။

ပုလဲမွေးမြူရေးကြောင့် လေထု၊ ရေထု သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်နေပြီလို့ မြိတ်တက္ကသိုလ်သတ္တဗေဒဌာနမှ ဆရာစိုးနိုင်က ပြောပါတယ်။

''ကျောက်ဆောင်တွေ၊ သန္တာကျောက်တန်းတွေ၊ သစ်တောတွေ၊ လေထု၊ ရေထုတွေကို ဘယ်လို ဆန်းစစ်ချက်လုပ်ထားသလဲဆိုတာ မတွေ့ရပါဘူး။ ကျွန်းပေါ်မှာ လုပ်ထားတာတွေကို ကြည့်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို အများကြီးထိ ခိုက်နေပြီဆိုတာ သိထားရတယ်။”

ရေပြင်မြေပြင်တွေကို ပုလဲလုပ်ငန်းတွေက ဧကသိန်းချီ ယူထားတာကြောင့် ခရီးသွားလုပ်ငန်တွေ လုပ်ဖို့ ခက်ခဲလာကြောင်း ခရီးသွားလုပ်ငန်းကုမ္ပဏီထံမှ သိရပါတယ်။

ပတ်ဝန်းကျင်နဲ့ လူမှုအကျိုးသက်ရောက်မှုဆိုင်ရာ ဆွေးနွေးပွဲ ပုလဲထုတ်လုပ်နေတဲ့ ကျွန်းတွေအနီးမှာ  နေထိုင်တဲ့ ဒေသခံတွေနဲ့ ဌာနဆိုင်ရာတွေ အပါအဝင် ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013