DVB Logo
Home
မြန်မာသတင်း
အဓမ္မကျူးလွန်ခံရပြီး ဆေးကုသခံနေသည့် ကျောင်းသူ ၂ ဦးကို လူမှုရေးဝန်ကြီး အားပေး
DVB
·
December 9, 2018
အဓမ္မကျူးလွန်ခံရပြီး ဆေးကုသခံနေသည့် ကျောင်းသူ ၂ ဦးကို လူမှုရေးဝန်ကြီး အားပေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုတင် ၂၀၀ ဆံ့ ဆေးရုံးကြီးမှာ အဓမ္မကျုးလွန်ခံရလို့ ဆေးကုသမှုခံယူနေရတဲ့ ကလေးငယ်တွေနဲ့ စွန့်ပစ်ခံ လသားအရွယ် ကလေးငယ်တွေကို သွားရောက်ကြည့်ရှုကာ လက်ဆောင်ပစ္စည်းနဲ့ အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။

ကုတင် ၂၀၀ ဆံ့ဆေးရုံကြီးမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ပထွေးတော်စပ်သူကနေ သားမယားပြုကျင့်ခံခဲ့ရတဲ့ ယင်းမာပင်မြို့နယ်က အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူနဲ့ လွန်ခဲ့တဲ့ ၈ လကျော်က ဝက်လက်မြို့နယ်က အဓမ္မကျူးလွန်ခံခဲ့ရလို့ ကိုယ်ဝန်ရကာ ကလေးမွေးနေတဲ့ အသက် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ တယောက်တို့ ဆေးကုသမှုခံယူနေပြီး မုံရွာမြို့ပေါ်မှာ စွန့်ပစ်ခံခဲ့ရတဲ့ လသားအရွယ် ကလေးငယ်လေးတွေ ကိုလည်း ဆေးရုံကြီးက ကုသစောင့်ရှောက်ပေးနေပါတယ်။

လူနာနဲ့ကလေးတွေကို လူမှုရေးဝန်ကြီးနဲ့ ဇနီးကငွေနဲ့ အခြားလက်ဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားတွေလည်း ပြောကြားခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာတော့ ပြစ်မှုကျူးလွန်ခဲ့သူကို ရဲစခန်းက ဖမ်းဆီးထားပြီး ဝက်လက်မြို့နယ်မှာ ဒီနေ့ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

ဒီကိစ္စတွေအပြင် စစ်ကိုင်းတိုင်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ တရားခံတွေ မဖမ်းဆီးနိုင်သေးတာတွေလည်း ရှိနေပါသေးတယ်။

တရားခံ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက်လည်း တွန်းအားပေးသွားမယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်ရေး ဖဲကြိုးဖြူ ၁၆ ရက်တာ လှုပ်ရှားမှု အနေနဲ့ လူထုလမ်းလျှောက်ပွဲကိုလည်း လူအင်အား ၁ ထောင်ဝန်းကျင်နှင့် လူမှုရေးဝန်ကြီးဦးဆောင်ပြီး မုံရွာမြို့ပေါ်မှာ ပြုလုပ်ခဲ့ပါသေး တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013