DVB Logo
Home
မြန်မာသတင်း
ဟိန္ဒူဒုက္ခသည်များကို နိုင်​ငံတကာကြက်​​ခြေနီအဖွဲ့ ရိက္ခာထောက်ပံ့
DVB
·
December 9, 2018
ဟိန္ဒူဒုက္ခသည်များကို နိုင်​ငံတကာကြက်​​ခြေနီအဖွဲ့ ရိက္ခာထောက်ပံ့
Donate to DVB

မောင်တောမြို့ မြို့မကညင်တန်းရှိ ဟိန္ဒူဒုက္ခသည်စခန်းရှိ ဒုက္ခသည်မိသားစု ၆၂၃ စု အတွက် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ကြောင်း ဟိန္ဒူလူမျိုးခေါင်းဆောင် ဦးမောင်နီက ပြောပါတယ်။

“နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC မှ မိသားစု ၆၂၃ စု အတွက် အာမိသားစုတစုကို မိသားစုတစုကို ဆန် ၅၀ kg ၁ အိတ်၊ ပဲ ၂၅ Kg ၁ အိတ်၊ သကြား ၄ ထုပ်၊ ဆီ ၄ လီတာ၊ ဆား ၁ ထုပ်၊ လက်ဖက်ခြောက် ၁ ထုပ်နဲ့ အာဟာရမုန့် ၄ ထုပ်စီ ထောက်ပံ့ပေးခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ ဒီလိုထောက်ပံ့ပေးမှုအတွက် အလွန်ဝမ်းမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။”

ဟိန္ဒူဒုက္ခသည် ၁၂၀၀ ကျော်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက နိုဝင်ဘာ ၂၁ ရက်နေ့က ရက်သတ္တပတ် နှစ်ပတ်စာ ဆန်၊ ဆီ၊ ဆား စတဲ့စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့သလို အခု ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က လာရောက်ထောက်ပံ့ပေးတာလည်း ဖြစ်ပါတယ်။

ဟိန္ဒူဒုက္ခသည်စခန်းက ဒုက္ခသည်မိသားစုတွေဟာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက ထွက်ပြေးခဲ့ကြကာ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ကြပြီး ၂၀၁၇ ဒီဇင်ဘာမှာ မောင်တောမြို့ ဒုက္ခသည်စခန်းကို ပြောင်းရွှေ့လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုလက်ရှိ ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၂၉၃ စု၊ လူဦးရေ ကျား ၆၀၂ ဦး၊ မ ၆၂၃ ဦး၊ စုစုပေါင်း ၁၂၂၅ ဦးနေထိုင်လျက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013