DVB Logo
Home
မြန်မာသတင်း
မန္တလေးဆေးရုံကြီးတွင် ၁ နှစ်ကို သွေးယူနစ် ၅၀၀၀၀ ကျော် အသုံးပြုနေရ
DVB
·
December 9, 2018
မန္တလေးဆေးရုံကြီးတွင် ၁ နှစ်ကို သွေးယူနစ် ၅၀၀၀၀ ကျော် အသုံးပြုနေရ
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး မန္တလေးမြို့ အ​ထွေ​ထွေ​ရောဂါကု ​ဆေးရုံးကြီးမှာ​ ၁ ​နှစ်​ကို ​သွေး ယူနစ်​​ပေါင်း ၅၀၀၀၀ ​သောင်း​ကျော်​ အသုံးပြု​နေရပြီး သွေးလိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ​​ရောဂါ​ဗေဒ အထူးကုဆရာဝန်​ကြီးက ​ပြောပါတယ်​။

ဒီဇင်​ဘာ ၈ ရက်​​ မန္တလးတိုင်း​ဒေသကြီး မြင်းခြံမြို့ မဏိကဉ္စနာခန်းမမှာ ကျင်းပတဲ့ ဧရာဝတီ​သွေးလှူရှင်​အသင်းရဲ့ ၁၃ ကြိမ်​​မြောက်​ စု​ပေါင်း​သွေးလှူဒါန်းပွဲမှာ အခုလို ​ပြောကြားလိုက်​တာပါ။

မန္တ​လေးအ​ထွေ​ထွေ​ရောဂါကု ​ဆေးရုံကြီး ​(သွေးလှူဘဏ်​) ​ရောဂါ​ဗေဒအထူးကုဆရာဝန်​ကြီး ​ဒေါက်​တာ ခင်​မြတ်​မွန်​က "မန္တလေးအ​ထွေ​ထွေ​ရောဂါကု​ဆေးရုံဟာ ကုတင်​ (၁၅၀၀) ​ဆေးရုံဖြစ်​တယ်​၊ ခုဆိုရင်​ ​ဆေးရုံကြီးမှာ နှလုံးရပ်​ပြီး​တော့ ခွဲစိတ်​​တာ​တွေလုပ်​နိုင်​တယ်​၊ အသဲအစားထိုးနဲ့ ​ကျောက်​ကပ်​အစားထိုး​တွေနဲ့ တစ်​ခြား​ရောဂါ​တွေလည်းကုသ​ပေးနိုင်​တယ်​၊ အဲ့ဒါမျိုး​ ကုသမှု​တွေတိုးတက်​လာတာနဲ့အမျှ အဓိက ကုသမှုနဲ့တွဲပါလာတာက​တော့ ​သွေးကိုလည်း အသုံးပြုရပါတယ်​၊ အဲ့ဒီ​သွေးက​တော့ နည်းပညာ​တွေ ဘယ်​​လောက်​တိုးတက်​​နေပါ​စေ လူ​တွေဆီက ရတာဖြစ်​တဲ့အတွက်​ လူနာ​တွေအတွက်​ လိုတဲ့​သွေးကို ​သွေးလှူရှင်​​တွေထံမှ ရရှိတာ ဖြစ်​ပါတယ်​။ ကျမတို့ရဲ့ ​အသုံးပြုမှုကလည်း ၁ ​နှစ်​ကို ​သွေးယူနစ်​​ပေါင်း ၅၀၀၀၀ ​သောင်း​ကျော်​ အသုံးပြုရပါတယ်​။ လက်​ရှိ ​ဆေးရုံကြီးရဲ့အ​ခြေအ​နေအရ မန္တ​လေးအ​ထွေ​ထွေ​ရောဂါကု ​​ဆေးရုံကြီးဖြစ်​​ပေမယ့် လာတဲ့ လူနာအကုန်​လုံးက ​ဒေသအသီးသီးကလာတာ ဖြစ်​တဲ့အတွက်​ မန္တလေးမှာရှိတဲ့ ​သွေးလှူရှင်​နဲ့တင်​ မလုံ​လောက်​​တော့ နယ်​လှည့်သွေးလှူဒါန်းပွဲကို ၁ ​လမှာ အနည်းဆုံး ၄ ကြိမ်​မှ ၈ ကြိမ်​အထိ ပြုလုပ်​​နေရတယ်” ​လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ဧရာဝတီ​သွေးလှူရှင်​အသင်းရဲ့ ၁၃ ကြိမ်​​မြောက်​ ​သွေးလှူဒါန်းပွဲမှာ ကျန်းမာ​ရေးစစ်​​ဆေးမှုတွေ နဲ့ ​သွေး​ဖောက်​တာတွေလည်း ပြုလုပ်​​ပေးခဲ့ပါတယ်။

မြင်းခြံမြို့ရှိ ဧရာဝတီ​သွေးလှူရှင်​အသင်းဟာ ၁၂ ကြိမ်​​မြောက်​အထိ မန္တလေး ဗဟိုအမျိုးသား​သွေးလှူဘဏ်​ကို ​သွေးအိတ်ပေါင်း ၄၂၀၀ ​ကျော်​ လှူဒါန်း​ပေးခဲ့ပြီး မြင်းခြံ​ဆေးရုံမှာ ​သွေးအိပ်​​ပေါင်း ၁၆၀၀ လှူဒါန်း​ပေးခဲ့ပြီး ဖြစ်​ပါတယ်​။

(၁၃) ကြိမ်​​မြောက်​​သွေးလှူဒါန်းပွဲကို မြင်းခြံနဲ့​တောင်​သာ မြို့နယ်​တွေရှိ ​ကျေးရွာ​ပေါင်း ၂၀ မှ ​သွေးလှူရှင်​ ၅၀၀ ​ကျော်​တို့ လာ​ရောက်​လှူဒါန်းခဲ့ကြတာဖြစ်​ပြီး၊ ကျန်းမာ​ရေးစစ်​​ဆေးချက်​အရ ၄၀၁ ဦး ​သွေးလှူဒါန်းခွင့်ရရှိခဲ့ပါတယ်။

မြင်းခြံမြို့နယ်​မှာ လစဉ်​အလိုက်​ ​သွေးလှူဒါန်းမယ့် လူဦး​ရေဟာ စာရင်းအရ ၄၀၀၀ ​ကျော်​ ရှိတယ်​လို့ မြင်းခြံ ဧရာဝတီ​သွေးလှူရှင်​အသင်းထံမှ သိရပါတယ်​။

 

ရီရီထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013