DVB Logo
Home
မြန်မာသတင်း
သရပါဟိုတယ် အလုပ်ထုတ်ခံထားရသူများ အလုပ်ပြန်ရရေး ၄ ကြိမ်မြောက် ဆန္ဒပြ
DVB
·
December 9, 2018
သရပါဟိုတယ် အလုပ်ထုတ်ခံထားရသူများ အလုပ်ပြန်ရရေး ၄ ကြိမ်မြောက် ဆန္ဒပြ
Donate to DVB

ညောင်​ဦးခရိုင်​၊ ​ညောင်​ဦးမြို့နယ်​ ​ပုဂံ သရပါ ​ဟိုတယ်​အလုပ်​သမားတွေဟာ အလုပ်​ထုတ်​ခံရတဲ့ အလုပ်​သမား ​ခေါင်း​ဆောင်​တွေ အလုပ်​ပြန်​လည်​ရရှိ​ရေးအတွက်​  ဒီဇင်ဘာ ၈ ရက်နေ့ ည​နေပိုင်းမှာ ၄ ကြိမ်​​မြောက်​ ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြတယ်​လို့ ဦး​ဆောင်​သူ ဦး​နေမျိုးဝင်းက ဒီဗွီဘီကို​ ပြောပါတယ်​။

ပုဂံမှာ စီတန်းလှည့်လည်​တာ ၃ ကြိမ်​နဲ့ မန္တ​လေးမြို့မှာ ၁ ကြိမ်​ စီတန်းလှည့်လည်​ ဆန္ဒ​ဖော်​ထုတ်​ခဲ့ပြီး မန္တ​လေးကို ​နောက်​ထပ်​တ​ကြိမ်​ သွား​ရောက်​ ဆန္ဒ​ဖော်​ထုတ်​ဦးမယ်လို့ ဆိုပါတယ်။

စီတန်းလှည့်လည်​ဆန္ဒပြပွဲကို Bagan lodge hotel အ​ရှေ့ဘက်​ကိုက်​ ၁၀၀ အနီးမှ စတင်​ပြီး ပုဂံမြို့သစ်​လမ်းအတိုင်းမှ ခရီးသွားရုံး​ရှေ့ထိ ​ခြေလျင်၊​ အဲဒီကတဆင့် မြင်းကပါ ပုဂံမြို့​ဟောင်းလမ်းအတိုင်း ဆာကူရာဟိုတယ်​ မီးပွိုင့်ရှေ့အထိ ကားနဲ့၊ ပြီး​နောက်​ မြို့​ဟောင်းလမ်းအတိုင်း သရပါဟိုတယ်​ အ​ရှေ့ဘက်​မြင်းလှည်းဂိတ်​အထိ ပုဂံဟိုတယ်​​ပေါင်းစုံက ​ဟိုတယ်​ချစ်​သူ အလုပ်​သမားတွေအပါအ၀င် အင်​အား ၁၅၀ လောက် စု​ပေါင်း ​ခြေလျှင်​ စီတန်းလှည့်လည်ခဲ့ပြီး သရပါဟိုတယ်​ ​အ​ရှေ့ဘက်​မြင်းလှည်းဂိတ်​အနီးအ​ရောက်​မှာ ဦး​ဆောင်​သူတွေ ​ဟော​ပြောတာတွေ ​ဆောင်​ရွက်​ခဲ့တာပါ။

သရပါ ဟိုတယ်​မှ အလုပ်​ထုတ်​ခံရတဲ့ အလုပ်​သမား ​ခေါင်း​ဆောင်​တွေ ပြန်​လည်​ခန့်​ထား​ရေး၊ ပုဂံ​ဒေသခံများအ​ပေါ် ကုတ်​​သွေးစုတ်​ အမြတ်​ထုတ်​​သော ခရိုနီ လုပ်​ငန်းရှင်​များ အလိုမရှိ၊ သရပါ ဟိုတယ်​​မြေအငှားချထားမှုအ​ပေါ် အစိုးရမှ ပြန်​လည်​စိစစ်​​ပေး​ရေး စတဲ့ ​ကြွေး​ကြော်​သံတွေနဲ့ ဗီနိုင်းပိုစတာတွေ ကိုင်​​ဆောင်​ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

သရပါဟိုတယ်​က ဧည့်သည်​အဝင်​နည်းလို့ ဆိုတဲ့ အ​ကြောင်းပြချက်​နဲ့ ဝန်​ထမ်း ၁၃၀ လောက်မှာ ၁၀ ရာခိုင်​နှုန်း​လျှော့တယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်​ ၂၄ ရက်​​နေ့က ဝန်​ထမ်း ၁၂ ဦးကို ​လျှော​ပေါ့ရပ်​နားလိုက်​တာဖြစ်ပြီး အဲဒီအထဲမှာ အလုပ်​သမား​ခေါင်း​ဆောင်​တွေ ပါရှိ​နေတယ်​လို့ ဆိုပါတယ်​။ အဲဒီကိစ္စနဲ့ပတ်​သက်​ပြီး သရပါ ဟိုတယ်​​အနီးမှာ အထိုင်​သပိတ်​စခန်း ဖွင့်ခဲ့တာ ရက်​​ပေါင်း (၅၉) ရက်​ ရှိခဲ့ပြီ ဖြစ်​​ပါတယ်​။

အဆိုပါ အလုပ်​သမားကိစ္စတွေကို အလုပ်​သမားဝန်​ကြီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူးချုပ် ​လာ​ရောက်​ ညှိနှိုင်း​ပေးခဲ့ရာမှာ အလုပ်​သမားတွေက နစ်​နာ​ကြေးတွေ ပြန်​လည်​​ပေးအပ်​ပြီး အလုပ်​ ပြန်​လည်​ခန့်​အပ်​​စေလို​ကြောင်း ​တောင်းဆိုပြီး အလုပ်​ရှင်​ဘက်​ကလည်း ပြန်​မခန့်​အပ်​​လို့ အဆင်​မ​ပြေခဲ့​ကြောင်း သိရပါတယ်​။

ကိုလင်း (ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013