DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ၀န်ထမ်းအိမ်ရာ တိုက်ခန်းတခုကို သင်္ကန်းဝတ်တဦးက ၀င်ရောက်အနုကြမ်းစီး
DVB
·
December 8, 2018
နေပြည်တော် ၀န်ထမ်းအိမ်ရာ တိုက်ခန်းတခုကို သင်္ကန်းဝတ်တဦးက ၀င်ရောက်အနုကြမ်းစီး
Donate to DVB

နေပြည်တော် ပညာသိဒ္ဓိရပ်ကွက်၊ ခရေဝန်ထမ်းအိမ်ရာ တိုက်အမှတ် ၁၉၊ အခန်း ၂၂ မှာ သင်္ကန်းဝတ်တဦးက ဝင်ရောက်အနုကြမ်းစီးမှု ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဈေးဝယ်ရာကနေ ပိုက်ဆံလိုလို့ အခန်းကို ပိုက်ဆံပြန်လာယူတဲ့ အခန်းပိုင်ရှင် ဒေါ်လဲ့လဲ့နုဟာ အခန်းထဲမှာ ဘုန်းကြီးကိုင်ယပ်တောင်တွေ့ပြီး မသင်္ကာလို့ အခန်းထဲရှာကြည့်ရာ သင်္ကန်းဝတ်တဦးက ပိုက်ဆံအိတ်အတွင်းမှ ငွေ သုံးသိန်းတသောင်းကျပ်ကိုယူပြီး အမျိုးသမီးကို တွန်းလှဲခဲ့တယ်လို့ ဇမ္ဗူသိရီမြို့နယ်၊ အမှတ် ၅ စခန်းမှူး ရဲအုပ် ဇော်မင်းက ပြောပါတယ်။

"သူက အခန်းထဲကို ကြိုရောက်နေတယ်လို့လည်း ပြောလို့မရဘူး။ အန်တီကြီး အခန်းထဲ ဝင်တဲ့အချိန်မှာ နောက်ကလိုက်ဝင်တာလည်းဖြစ်နိုင်တယ်။ အန်တီကြီးက ဘယ်လိုဝင်လာတယ်ဆိုတာ မမြင်လိုက်ရဘူး။ ပိုက်ဆံယူထားပြီးမှ အခန်းထဲမှာ ရှိတဲ့ မြက်ဖြတ်ကတ်ကြေးနဲ့ ထောက်ထားတာ။ မထိုးတော့ မထိုးမိဘူး။ အဲဒါပြီး တွန်းလှဲလိုက်တဲ့အခါကျတော့ အောက်မှာရှိတဲ့ ကျောက်ပြင်နဲ့ နောက်ကျောနဲ့ ဆောင့်မိတဲ့ပုံစံမျိုး။ အဲကြောင့် ခါးနာတယ်လို့ပြောတာ။ ပိုက်ဆံယူတာတွေ့လို့ ဘာကြောင့်ယူတာလဲ ကိုယ်တော်လို့ ပြောလို့ အဲလိုလုပ်သွားတာ။ သူက စာသင်ဖို့အတွက်လိုလို့ ယူတာ။ မအော်တော့နဲ့၊ ဘယ်သူ့မှလည်း မပြောတော့နဲ့၊ ရဲလည်း မတိုင်တော့နဲ့၊ အော်ရင်လည်း သတ်ပစ်မယ် ပြောလို့ အန်တီကြီးက မအော်လည်း မအော်ရဲတော့ အဲသံဃာ ဒီအတိုင်းလေး ပြန်ဆင်းသွားတာ။ ဆင်းသွားတဲ့အချိန်မှာလည်း မအော်ဘူး။ ငါးမိနစ်လောက်ကြာမှ အောက်ထပ်မှာ ကားပြင်နေတဲ့ သူ့ယောကျာ်းကို တိုးတိုးလေးသွားပြောတာ။”

လက်ရှိမှာ ပြစ်မှုကျုးလွန်တဲ့ သင်္ကန်းဝတ်ထားသူကို စုံစမ်းနေပြီး ခြောက်လှန့်တောင်းရမ်းမှု ပုဒ်မ ၃၈၆ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013