DVB Logo
Home
မြန်မာသတင်း
သွားလာခွင့်မရှိသည့်နေရာ လာရောက်သည့် ဂျာမနီနိုင်ငံသား ၂ ဦးကို အရေးယူ
DVB
·
December 8, 2018
သွားလာခွင့်မရှိသည့်နေရာ လာရောက်သည့် ဂျာမနီနိုင်ငံသား ၂ ဦးကို အရေးယူ
Donate to DVB

နိုင်ငံခြားသားတွေ သွားလာခွင့်မရှိတဲ့နေရာကို လာရောက်ခဲ့တဲ့ ဂျာမနီနိုင်ငံသား ၂ ယောက်ကို အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဂျာမနီနိုင်ငံသား Mr.Marco Fritz Hans Trubner ဟာ ဂျာမနီနိုင်ငံသူတယောက်နဲ့အတူ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက နိုင်ငံခြားသားတွေ သွားလာခွင့်မရှိတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကတိုင်ထိ ကျေးရွာကို ရောက်လာတယ်လို့ ဆိုပါတယ်။

သူတို့ဟာ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ ဆိပ်ကမ်းကနေ ဆိုင်ကယ် ၂ စီးကို စက်လှေနဲ့တင်ပြီး သံလွင်မြစ်ကို ဖြတ်လာခဲ့တာပါ။

ဒါကြောင့် သူတို့ကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဘားအံမြို့က ပြန်လည်ထွက်ခွာသွားဖို့ ညှိနှိုင်းပြောဆိုခဲ့ပြီး သဘောတူလို့ တည်းခိုခန်းကို ပြန်ပို့ပေးခဲ့ပါတယ်။

ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်းမှာ ပူးပေါင်းအဖွဲ့က သူတို့ရဲ့ ဆိုင်ကယ် ၂ စီးနဲ့ အသုံးအဆောင်တွေကို ကားနဲ့တင်ပြီး မွန်ပြည်နယ်၊ သထုံမြို့နယ် ကြာပန်းတိုးဂိတ်အထိ ပို့ဆောင်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ညနေ ၄ နာရီအချိန်မှာတော့ အဲဒီ ဂျာမနီနိုင်ငံသား ၂ ယောက်ကို ဖာပွန်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရှမ်းမလေးစားသောက်ဆိုင်မှာ ဖာပွန်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနမှူးနဲ့ ပူးပေါင်းအဖွဲ့က ပြန်တွေ့ခဲ့ပါတယ်။

သူတို့ဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့ကနေ ဘီးလင်း-ဖာပွန် လမ်းကြောင်းအတိုင်း ဖာပွန်မြို့ကို ပြန်ဝင်ရောက်လာတာ သိရပြီး အရေးယူပေးဖို့ တိုင်တန်းချက်အရ Mr.Marco Fritz Hans Trubner အပါအဝင် ၂ ယောက်ကို ဖာပွန်မြို့မရဲစခန်းမှာ လဝကအက် ၁၃(၁) နဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013