DVB Logo
Home
မြန်မာသတင်း
ဆင်ခြေဖုံးမြို့နယ်အချို့မှ ကလေးများ ရွှေတိဂုံနှင့် တိရစ္ဆာန်ဥယျာဉ် ရောက်ဖူးပြီ
DVB
·
December 8, 2018
ဆင်ခြေဖုံးမြို့နယ်အချို့မှ ကလေးများ ရွှေတိဂုံနှင့် တိရစ္ဆာန်ဥယျာဉ် ရောက်ဖူးပြီ
1 / 7
Donate to DVB

ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံဘုရားနဲ့ တိရစ္ဆာန်ဥယျဉ်ဟာ မြန်မာနိုင်ငံသာမက ကမ္ဘာမှာပါ သိသာထင်ခြားတဲ့ နေရာတွေဖြစ်ပြီး ခရီးသွားတွေအနေနဲ့ ရန်ကုန်ရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်ကြတဲ့နေရာတွေပါ။

ဒါပေမယ့် ဒီလို အထင်ကရနေရာတွေကို ရန်ကုန်မြို့ထဲမှာ နေထိုင်တဲ့ ကလေးတချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် မရောက်နိုင်သေးပါဘူး။ အဓိကကတော့ ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့ နယ်တချို့က ကလေးတွေ အများစုပါဝင်ပါတယ်။

ဒီမြို့နယ်တွေထဲက အသက် ၅ နှစ်ကနေ ၁၅ နှစ်အရွယ်ရှိတဲ့ ကလေးအယောက် ၁၅ဝ ကို ရွေးချယ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ ရွှေတိဂုံဘုရားနဲ့ တိရစ္ဆာန်ဥယျာဉ်ကို Tourium for all Myanmar အဖွဲ့က ဦးဆောင်ပြီး ပို့ဆောင်ပေးခဲ့ပါတယ်။

ဒီကလေးတွေကို ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ကလည်း ကပြဖျော်ဖြေခဲ့သလို အလှူရှင်တချို့ကလည်း အစားအသောက်နဲ့ ကစားစရာတွေကို လှူဒါန်းခဲ့ကြပါတယ်။

ဒါပေမယ့် အခုလို ရွှေတိဂုံဘုရားနဲ့ တိရာစ္ဆာန်ဥယျာဉ် မရောက်ဖူးသေးတဲ့ ကလေးငယ်တွေ ရန်ကုန်မြို့မှာ အများကြီးရှိနေပါသေးတယ်။

သတင်းနှင့်ဓာတ်ပုံ - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013