မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆ဝ ဝင် တအိတ်ကို ၈၂၉၅ဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝ၅ဝ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇ဝဝဝဝ ကနေ ၇၄ဝဝဝ ရှိပါတယ်။ ရန်ကုန် နဲ့မန္တလေး ကုန်စည် ဒိုင် တအိတ်ကို ၈၉၅ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၇၈၁ဝဝ ပေါက်ဈေးရှိပါတယ်။ မန္တလေးပွဲစား ကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၆ဝဝဝ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့မန္တလေး ကုန်စည် ဒိုင်တအိတ်ကို ၂၁ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ကုလားပဲ
မန္တလေးပွဲစားကုန်သည်စ်ကပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၆ဝဝဝ ကနေ ၇၇ဝဝဝ ပေါက်ဈေးရှိပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၆၅ဝဝ ရှိပြီး မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၅ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက တအိတ်ကို ၁၆၅ဝဝဝ ကနေ ၁၇၁ဝဝဝ ပေါက်ဈေးရှိပါတယ်။
အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၅ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအအပြောင်းအလဲ မရှိပါဘူး။ မန္တလေး နဲ့အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၆ဝဝဝ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းညို
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက တအိတ်ကို ၁၆၄ဝဝဝ ပေါက်ဈေးရှိပါတယ်။
မြင်းခြံကုန်စည်ဒိုင၈်မှာတော့ တအိတ်ကို ၁၆ဝ၈ဝဝ ပေါက်ဈေးရှိပြီး မန္တလေး နဲ့မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၃၂ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
စားအုန်းဆီ
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တပိဿာကို ၁၅၅ဝ ရှိပြီး မြင်ခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၅၉ဝ ကနေ ၁၆ဝဝ ကျပ်ရှိပါတယ်။မန္တလေးနဲ့မြင်းခြံ တပိဿာကို ၅ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











