DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ၂၀၁၉ ဇန်န၀ါရီမှစ၍ လျှပ်စစ် ၁ ယူနစ် ၃၉၀ ကျပ်ဖြင့် ရရှိမည်
DVB
·
December 8, 2018
မြိတ်မြို့တွင် ၂၀၁၉ ဇန်န၀ါရီမှစ၍ လျှပ်စစ် ၁ ယူနစ် ၃၉၀ ကျပ်ဖြင့် ရရှိမည်
Donate to DVB

မြိတ်မြို့မှာ ၂၀၁၉ ဇန်န၀ါရီလမှစတင်ပြီး လျှပ်စစ်တစ်ယူနစ်ကျပ် ၃၉၀ နဲ့ စတင်ရရှိတော့မယ်လို့ မြိတ်အများပိုင်ကော်ပိုရေးရှင်းက ပြောပါတယ်။

လက်ရှိတစ်ယူနစ်ကို ၄၉၅ ကျပ်နဲ့ လျှပ်စစ်မီးသုံးစွဲနေရတဲ့ မြိတ်မြို့အတွက် မီးဈေးနှုန်းကျဆင်းဖို့အတွက် ဆောင်ရွက်တာဖြစ်ပြီး မြိတ်အများပိုင်မှ ၄ လတာကာလကို အရှုံးခံ ဖြန့်ဖြူးပေးမယ်လို့ သိရပါတယ်။

FO လောင်စာနဲ့ တစ်ယူနစ်ကို ၂၆၀ ကျပ်နဲ့ လျှပ်စစ်မီးပေးဖို့ တင်ဒါအောင်ထားပေမယ့် ကျန်ရှိနေသေးတဲ့ ၄ လတာ ကာလအတွင်း ပြည်သူတွေ ဈေးနှုန်းသက်သာစေဖို့ ဆောင်ရွက်တာဖြစ်ပြီး မီးလင်းရေ အဖွဲ့ ၉ ဖွဲ့က ဒီဇင်ဘာ ၇ ရက်နေ့မှာ သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က ''ကျနော်တို့က ၃၀ မဂ္ဂါဝပ်ကို FO လောင်စာနဲ့ ဖြန့်ချိဖို့ေ ဆာင်ရွက်နေတဲ့ ကြားကာလမှာ ဒီဇယ်အင်ဂျင်နဲ့ အစားထိုးထားမယ်၊ ဈေးနှုန်းကျဆင်းဖို့အတွက် မီးလင်းရေးအဖွဲ့တွေကလည်း သဘောတူကြတယ်။ ၂၀၁၉ ခုနှစ်အတွင်း ပေးမှာပါ။ ဒီဇယ်ဈေးကျတိုင်း လျှပ်စစ်မီးဈေးနှုန်းကို ထပ်ချပေးမှာပါ။ သေချာတာက ၃၉၀ ထက် ဈေးမကြီးတော့ပါဘူး။ ရပ်ကွက်အကူမီးလင်းရေးအဖွဲ့ ၉ ဖွဲ့က အလုပ်သမား အလွှဲအပြောင်းကိစ္စတွေကိုလည်း ဆောင်ရွက်ပေးမှာပါ'' လို့ ပြောပါတယ်။

ဂျပန်ကုမ္ပဏီတခုရဲ့ အကူအညီနဲ့ ဒီဇယ် အင်ဂျင်တွေ ငှားရမ်းကာ မီးပေးမှာဖြစ်ပြီး လက်ရှိအနေထားမှာ မီးလင်းရေးအဖွဲ့ ၉ ဖွဲ့ လုပ်ငန်းရပ်နားလိုက်ရမယ်လို့ သိရပါတယ်။

''ပြည်သူဈေးသက်သာမယ်ဆိုလို့ ကျနော်တို့သဘောတူလိုက်တာပါ။ ကျနော်တို့ အလုပ်နားလိုက်ရလို့ ကိစ္စမရှိပါဘူး။ တမြို့လုံး သက်သာမယ်၊ ကျနော်တို့ မီးလင်းရေးအဖွဲ့ ၉ ဖွဲ့စလုံးက သဘောတူလက်မှတ်ထိုးပေးလိုက်ပါပြီ။ ဒီဈေးနှုန်းကို ဘယ်တော့မှ မပြောင်းပဲ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ပြည်သူတွေသက်သာဖို့က အဓိကပါ။ ဒီအတိုင်း ဆောင်ရွက်ပေးပါ'' လို့ ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီမှ MD ဒေါက်တာ ၀င်းထိန်က ပြောကြားခဲ့ပါတယ်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းအနေနဲ့ တိုင်းဒေသကြီးအစိုးရထံမှာ လျှစ်မီးတစ်ယူနစ်ကို ၂၆၀ ကျပ်နဲ့ ဖြန့်ဝေပေးဖို့ တင်ဒါအောင်ထားပြီး ၆ လအချိန်ရရှိထားကာ လက်ကျန် ၄ လအတွင်း ဒီဇယ်ဆီနဲ့ မီးပေးဖို့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သက်တမ်း ၆ လပြည့်ပါက တင်ဒါအောင်ထားတဲ့အတိုင်း FO လောင်စာနဲ့ တစ်ယူနစ်ကို ၂၆၀ ကျပ် နဲ့ လျှပ်စစ်ဖြန့်ဖြူးပေးရမှာဖြစ်ပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013