DVB Logo
Home
မြန်မာသတင်း
ကွယ်လွန်သွားသည့် ABSDF ရဲဘော်များအတွက် ရေစက်ချအမျှဝေ
DVB
·
December 8, 2018
ကွယ်လွန်သွားသည့် ABSDF ရဲဘော်များအတွက် ရေစက်ချအမျှဝေ
Donate to DVB

ကွယ်လွန်သွားကြတဲ့ ABSDF ရဲဘော်တွေကို ရည်စူးပြီး ဆွမ်းကပ်ကုသိုလ်နဲ့ ရေစက်ချအမျှပေးဝေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နှစ် ၃၀ ပြည့် ABSDF ရဲဘော်ဟောင်းများတွေ့ဆုံပွဲမှာ ဒေသအသီးသီးကနေ အကြောင်းအမျိုးမျိုးကြောင့် ကျဆုံးကွယ်လွန်သွားကြတဲ့ ရဲဘော်/ရဲမေတွေကို ရည်စူးပြီး သံဃာတော်တွေကို ပင့်ဖိတ်ကာ ဆွမ်းကပ်ကုသိုလ်ပြု ရေစက်ချအမျှပေးဝေမှုတွေကို ဒီဇင်ဘာ ၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ အနှစ် ၃၀ ပြည်အခမ်းအနားကို ပြည်တွင်းပြည်ပမှာရောက်နေကြတဲ့ ABSDF အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး ကွယ်လွန်သွားကြသူတွေကို အမျှပေးဝေတာအပြင် မသေဘဲကျန်ရှိနေတဲ့ ရဲဘော်အတွက်ကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့တွေ တိုင်ပင်တယ်လို့ ABSDF ပထမဆုံး ဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ရှစ်လေးလုံးကျောင်းသားသပိတ်ကြောင့် ပေါ်ထွက်လာခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော်အနေနဲ့ အတိတ်ဘ၀ဖြတ်သန်းမှုတွေကို ဖော်ထုတ်လိုတာကြောင့် နှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပရတာလို့ ABSDF မြောက်ပိုင်းအဖွဲ့ ဗဟိုကော်မတီဝင် ဦးရဲလင်းက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဟာ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အရင် အစိုးရလက်ထက်က ပထမဦးဆုံး လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၈ ခုထဲမှာ ပါဝင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013