DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ရက်လွန်မှိုတက်နေသည့် ငါးကြီးချဉ်များ တွေ့ရှိ
DVB
·
December 8, 2018
အင်းတော်တွင် ရက်လွန်မှိုတက်နေသည့် ငါးကြီးချဉ်များ တွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ထွက် ငါးကြီးချဉ်တွေကို ရှောင်တခင်စစ်ဆေးရာ ရက်လွန်မှိုတက်နေတာတွေ တွေ့ရှိခဲ့တယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ပြောပါတယ်။

ငါးကြီးချဉ်တွေမှာ ရက်လွန်မှိုတက်နေနေကြောင်း သတင်းအရ အင်းတော်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ထွေအုပ်၊ ကျန်းမာရေး၊ စည်ပင်၊ ရဲတပ်ဖွဲ့၊ မီးသတ်ဌာနတို့ ပူးပေါင်းပြီး ကားလမ်းဘေးရောင်းချနေတဲ့ ဆိုင်တွေကို ၀င်ရောက်စစ်ဆေးခဲ့တာလို့ အင်းတော်မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဦးကြည်နိုင်ဦးက ပြောပါတယ်။

“ငါးကြီးချဉ်မှာ ကုန်အမှတ်တံဆိပ်မတပ်တာတွေ၊ ရက်လွန်ပြီး မလတ်ဆတ်တဲ့ ငါးကြီးချဉ်ရောင်းတာတွေ တွေ့ရတယ်။ ကျနော်တို့ မြို့နယ်စီခန့်အဖွဲ့နဲ့ပေါင်းပြီး စစ်ဆေးခဲ့တာ အကောင်ကျနေတဲ့ ငါးကြီးချဉ်ထုပ်တွေ၊ မှိုတက်နေတဲ့ ငါးကြီးချဉ်ထုပ်တွေ တွေ့ရတယ်။ စားသုံးသူမှာ အင်မတန်မှ နစ်နာပါတယ်။ စားသုံးသူ မနစ်နာရအောင် ရေရှည်တည်တံ့နိုင်အောင် စစ်ဆေးခြင်း ဖြစ်ပါတယ်။ နောင်တချိန်မှာ တွေ့ရှိခဲ့ရင် စားသုံးသူကာကွယ်ပေးရေး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်။”

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာ ငါးကြီးချဉ်၊ ငါးလေးချဉ်၊ ငါးဆုပ်ချဉ် ဆိုပြီး သုံးမျိုးထွက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013