DVB Logo
Home
မြန်မာသတင်း
ဆိုင်ဘာစီးတီး ကျောင်းသား အသတ်ခံရမှု ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်
DVB
·
December 8, 2018
ဆိုင်ဘာစီးတီး ကျောင်းသား အသတ်ခံရမှု  ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်
Donate to DVB

ရတနာပုံ ဆိုင်ဘာစီးတီး ကျောင်းသားတဦး အသတ်ခံခဲ့ရမှု ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲကို ဒီဇင်ဘာ ၇ ရက်နေ့က အသတ်ခံရတဲ့နရာမှာ ပြုလုပ်​ခဲ့ပါတယ်​။

ပြင်​ဦးလွင်​မြို့နယ်​ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ICT မေဂျာ ဒုတိယနှစ်မှာ ပညာသင်ကြားနေတဲ့ ကိုထက်လင်းသန့်ဟာ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ဆိုင်ဘာစီးတီးမြို့သစ် မီးသတ်စခန်းအနီးမှာ ဆိုင်ကယ်လုယက်ခံရပြီး အသတ်ခံခဲ့ရတာပါ။

“ကျနော်တို့အနေနဲ့ ကွယ်လွန်သွားတဲ့ ကိုထက်​လင်းသန့်​အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကမ်ပိန်းလုပ်ပြီး ဆုတောင်းကြတယ်။ လက်ရှိ တရားခံကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက်​ ဖိအားပေးတာလည်း ပါမယ်” လို့ နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘာစီးတီး ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုခွန်နိုင်ပြည့်ထွန်းက​ ပြောပါတယ်​။

အခုလိုမဖြစ်ပွားခင်ကတည်းက နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘာစီးတီးအနီးက ကျောင်းသားကျောင်းသူ​တွေရဲ့ အဆောင်​​တွေမှာ ဆိုင်ကယ်ပျောက်မှု​တွေ၊ ကျောင်းသူတွေ ကာယိနြေ္ဒနှောင့်ယှက်ခံရတာ​တွေ အကြိမ်​ကြိမ်​ဖြစ်​ပေါ်​နေတဲ့အတွက်​ ​​သက်ဆိုင်ရာနယ်​​မြေ ရဲစခန်းကို လုံခြုံရေးတိုးမြှင့်ပြီး ကင်းလှည့်တာ​တွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ဖူးပေမယ့် ဆောင်ရွက်ပေးခြင်းမရှိခဲ့တာ​ကြောင့် နောက်ဆက်တွဲပြဿနာ​​တွေ ဖြစ်​​ပေါ်ပြီး ကျောင်းသားတဦး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ရတာလို့ နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘာစီးတီးကျောင်းသားများသမဂ္ဂက သဘောထားထုတ်ပြန်​ခဲ့ပါတယ်​။

သတင်းဓာတ်ပုံ - အောင်အောင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013