DVB Logo
Home
မြန်မာသတင်း
စင်ကာပူ အိမ်အကူလုပ်ခ မြန်မာငွေစက္ကူအတု လက်ဝယ်ရှိသူကို အရေးယူ
DVB
·
December 8, 2018
စင်ကာပူ အိမ်အကူလုပ်ခ မြန်မာငွေစက္ကူအတု လက်ဝယ်ရှိသူကို အရေးယူ
Donate to DVB

စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်အားခအဖြစ် ရလာတယ်ဆိုတဲ့ ကျပ် ၁၀၀၀၀ တန်ငွေစက္ကူအတု လက်ဝယ်ရှိသူကို အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ရွာနေ အသက် ၂၅ နှစ်အရွယ် နော်သော့သွဲ့ထူးရဲ့ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ပါတယ်။

အဲဒီမှာ အိပ်ခန်းထဲမှာ အဝတ်အစားအိတ်နဲ့ ထည့်ထားတဲ့ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ နော်သော့သွဲ့ထူးဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ် သွားရောက်အလုပ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ဖို့အတွက် လုပ်အားခတွေကို အိမ်ရှင်အမျိုးသမီးဆီက တောင်းခံခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အိမ်ရှင် အမျိုးသမီးက စင်ကာပူနိုင်ငံ MM Sharife Trader မှာ စင်ကာပူဒေါ်လာ ၃၁၂၃.၃၉ ကို သွားရောက် လဲလှယ်ပြီး ရလာတဲ့ မြန်မာငွေ ၂,၉၆၀,၀၀၀ ကျပ်ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီငွေအတုတွေဟာ အဲဒီမှာ ပါလာတာတွေလို့သိရပြီး နော်သောဘွဲ့ထူးကို ဒိုက်ဦးမြို့မရဲစခန်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလကုန်ပိုင်းက စင်ကာပူနိုင်ငံသား လင်မယားဆီကနေ ကျပ် တသောင်းတန် ငွေစက္ကူအတုတွေ ဖမ်းမိခဲ့ပြီး ဒီငွေတွေကို စင်ကာပူချန်ဂီလေဆိပ်က The Arcade ငွေလဲကောင်တာမှာ လဲလှယ်ရရှိခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာငွေစက္ကူအတုတွေ  ရောင်းဝယ်နေတယ်လို့ ယုံကြည်ရတဲ့  စင်ကာပူနိုင်ငံက ငွေလဲလှယ်ဆိုင် ၁၈ ဆိုင်ကို  စင်ကာပူရဲတပ်ဖွဲ့ကနေ စုံစမ်းစစ်ဆေးနေပြီး ငွေစက္ကူအတုတွေ သိမ်းဆည်းမိတယ်လို့ ချန်နယ်နယူး အေရှသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013