DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 7, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ၈၄၉၀၀၀ ပေါက်ဈေးရှိပြီး တတန်ကို ငွေကျပ် ၂၇၀၀၀ ဈေးတက်လာပါတယ်။

ကုလားပဲလုံးဖြူ

ကုလားပဲလုံးဖြူကတော့ တပိဿာကို ၁၄၁၅ ကနေ ၁၄၃၅ ပေါက်ဈေးရှိပြီး တပိဿာကို ၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲကြီး (ရွှေကျွန်း)

ပဲကြီး (ရွှေကျွန်း) ကတော့ တပိဿာကို ၂၃၀၀ ကနေ ၂၃၉၀ ပေါက်ဈေးရှိပြီး တပိဿာကို ၉၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲလွန်းနီ

ပဲလွန်းနီကတော့ တပိဿာကို ၁၃၃၀ ကနေ ၁၃၅၀ ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီ(ဆိပ်ဖြူ) ကတော့ တပိဿာကို ၄၀၀ ကနေ ၁၁၀၀ ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်)

ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ၁၁၅၀ ကနေ ၁၂၀၀ ရှိပါတယ်။

အာလူး

အာလူးကတော့ ဒီနေ့မှာ တပိဿာကို ၃၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၆၃၀ ကနေ ၈၈၀ ကျပ် ရှိပါတယ်။

ဝါ

အောင်လံကုန်စည်ဒိုင်မှာ ဝါ ကတော့ တပိဿာကို ၁၄၂၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကြက်သွန်နီကတော့ ဈေးကျဆင်းနေပါတယ်။ မိုးကြက်သွန်အသစ်တွေကလည်း ဈေးကွက်ထဲ စတင်ဝင်ရောက်လာခဲ့ပြီး အရည်အသွေးပိုင်းမှာ ညံ့နေတဲ့အတွက် ဈေးကောင်းမရရှိဘဲ ဈေးက ကျဆင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ အဟောင်းလက်ကျန်တွေကလည်း ရှိနေပြီး အသစ်တွေကလည်း ဝင်ရောက်နေတာ ဖြစ်တဲ့အတွက် ဈေးက တက်မလာဘဲ ဆက်တိုက်ကို ကျဆင်းနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ တပတ်အတွင်း တပိဿာကို ၁၀၀ လောက် ကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ ဈေးဆက်တိုက်ကို ကျဆင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တပိဿာကို ၁၅၀၀ ကျော် ရရှိခဲ့ပေမယ့် နိုဝင်ဘာလလယ်ကတည်းက စပြီး တရုတ်ကနေ တင်ပို့မှုများတဲ့အတွက် ဈေးက ကျဆင်းသွားတာ ဖြစ်ပါတယ်။ ကြူကုတ်က တလနီးပါးအတွင်း တပိဿာကို ၃၀၀ ကျပ်လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013