DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်တွင် ၈ နှစ်အရွယ်မိန်းကလေးကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်
DVB
·
December 7, 2018
ယင်းမာပင်တွင် ၈ နှစ်အရွယ်မိန်းကလေးကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မောက်သရက် အရှေ့ကျေးရွာမှာ ဒီဇင်ဘာ ၄ ရက်ညပိုင်းက ပထွေးဖြစ်သူက အတူနေ ၈ နှစ်အရွယ် မယားပါသမီးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ ပါတယ်။

မိခင်ဖြစ်သူ အလုပ်သွားလုပ်နေတုန်း ပထွေးဖြစ်သူက အရက်မူးကာ အိမ်ကိုဝင်လာပြီး အသက် ၈ နှစ်အရွယ် ၄ တန်းကျောင်းသူလေးကို ပါးစပ်ပိတ်ကာ နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာလို့ ယင်းမာပင်ရဲစခန်းက သိရပါတယ်။

လက်ရှိမှာတော့ ပထွေးဖြစ်သူ ကျော်ဝင်းဌေး အသက် ၃၅နှစ်ကို  ယင်းမာပင်မြို့မရဲစခန်းက (ပ)၂၅၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၇၆  မုဒိမ်းမှုနဲ့ အမှုဖွင့်ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးကို ဆေးရုံမှာတင်ထားပြီး လိုအပ်တဲ့ ကူညီစောင့်ရှောက်ပေးနေတယ်လို့  မုံရွာစေတနာ့ဝန်ထမ်းကွန်ရက် အဖွဲ့ဝင် ကိုအောင်ဇေလတ်က ပြောပါတယ်။

“မနေ့ညက ၉ နာရီလောက် ယင်းမာပင်ဆေးရုံကြီးကနေ မုံရွာက အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဆေးရုံကို ရောက်လာတယ်။ ရောက်ရောက်ချင်းလိုအပ်တဲ့ ဆေးစစ်တာတွေ ဘာတွေလုပ်တယ်။ အခုတော့ ကောင်းသွားပါပြီ။ စိုးရိမ်စရာမရှိတော့ဘူး။ အသေးစိတ်တော့ ဆရာဝန်ကြီးနဲ့ မတွေ့ရသေးတဲ့အတွက် မသိရသေးဘူး။ ဆရာမတွေပြောပြချက်အရတော့ အပေါ်ယံလောက်ပဲဖြစ်တာပေါ့။ ကြီးကြီးမားမား မဖြစ်သွားဘူးပေါ့။ ကလေးမလေးကိုတော့ လတ်တလော မုံရွာက အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက လိုအပ်တဲ့ ငွေကြေး၊ အသုံးအဆောင်တွေ လှူပေးထားကြတယ်။ ကလေးမလေး လူတောထဲမှာ ပုံမှန်ပြန်ဖြစ်သွားတဲ့ အထိ ကူညီပေးသွားမှာပါ”

ယင်းမာပင်မြို့နယ်မှာ အခုနှစ်အစောပိုင်းကလည်း ကလေးငယ်တဦးကို တပ်မတော်သားတဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါသေးတယ်။ ဒါပေမယ် ဒီနေ့အချိန်ထိတော့ တရားခံ ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

အဓမ္မပြုကျင့်မှုတွေဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ မူးယစ်ဆေးဝါးနဲ့  အရက်သေစာ သောက်စားတာ၊ ပညာနည်းပါးတာနဲ့ ဆင်းရဲတာတွေလည်းပါဝင်တယ်လို့ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောပါတယ်။

“အဓိကကတော့ မူးယစ်ဆေးဝါး အရက်သေစာသောက်စားတာတွေ၊ ပညာနည်းပါးတာတွေ၊ ဆင်းရဲတာတွေကြောင့် ဖြစ်နေရတယ်လို့မြင်တယ်။ အခြေအနေအရ စားဝတ်နေရေး၊ စီးပွားရေးမပြေလည်လို့ ကလေးတွေကို ယုံကြည်ရသူတွေနဲ့ အိမ်မှာထားခဲ့ပြီး အလုပ်သွားကြတာကနေ ဖြစ်ကြတာပဲ။”

မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ကျူးလွန်သူတွေကို ထောင်ဒဏ်နှစ် ၂၀ သို့မဟုတ် ထောင်ထဲမှာသေတဲ့အထိ လွတ်ရက်မရှိ တသက်ပြစ်ဒဏ်ပေးဖို့ အတည်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013