DVB Logo
Home
မြန်မာသတင်း
သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သူအား ထောင်ဒဏ် နှစ် ၂ဝ ချမှတ်
DVB
·
December 7, 2018
သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သူအား ထောင်ဒဏ် နှစ် ၂ဝ ချမှတ်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားရုံးက အသက်မပြည့်သေးတဲ့ သမီးဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုနဲ့  ဦးကိုနိုင်(ခ)ဦးစန်းအေးကို ဒီဇင်ဘာ ၈ ရက်က ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပါတယ်​။

မြောင်းမြမြို့နယ်၊ ကညွတ်ကွင်းကျေးရွာအုပ်စု၊ မယ်ဇလီစမ်းကျေးရွာနေ ၁၅ နှစ်အရွယ် မိန်းခလေးတဦးဟာ  ဖခင်ရှိရာမင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ ပုလဲ (၃) ရပ်ကွက်မှာ သွားရောက်နေထိုင်ခဲ့ရ ၂၀၁၈ မေလ ၂၉ ရက်မှာ မိခင်ဖြစ်သူထံ ပြန်ပို့ပေးမယ် ပြောဆိုပြီး ဦးကိုနိုင်က ဆိုင်ကယ်နဲ့ မြောင်းမြမြို့ကို ခေါ်သွားခဲ့ပါတယ်။

မြောင်းမြမြို့နယ် ဖျာပုံစုတောထဲအရောက်မှာ တကြိမ်၊ မြောင်းမြမြို့ ရွှေကြယ်စင် တည်းခိုခန်းမှာ တကြိမ်၊ ဝဲကလေးကျေးရွာနေ အဒေါ်ဖြစ်သူထံ နှစ်ရက်လောက် သွားရောက်လည်ပတ်ခဲ့ပြီး မြောင်းမြမြို့ ရွှေကြယ်စင် တည်းခိုခန်းမှာ ပြန်လည်တည်းခိုစဉ် နောက်ထပ် အကြိမ်ကြိမ်အဓမ္မ ကျူးလွန်ခဲ့ပြီး မိခင်အရင်းရှိရာ ကျေးရွာကိုပြန်မပို့ဘဲ မင်္ဂလာဒုံ ရွှေနံ့သာကျေးရွာကို ပြန်လည် ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်ရောက်တဲ့ အခါမှာ​တော့ မိန်းကလေးက မိထွေးဖြစ်သူနဲ့ အစ်ကိုအရင်းဖြစ်သူတို့ကို အကျိုးအကြောင်းပြောပြရာ အစ်ကိုဖြစ်သူက မင်္ဂလာဒုံရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ပါတယ်​။

အသက်မပြည့်သေးတဲ့ သမီးအရင်းဖြစ်သူအား သက်ငယ်မုဒိမ်း ကျူးလွန်ခဲ့တဲ့ ဖခင်အရင်း ဦးစန်းအေး(ခ)ဦးကိုနိုင်ကို မင်္ဂလာဒုံရဲစခန်းကတဆင့် မြောင်းမြရဲစခန်းမှာ လွှဲပြောင်းကာ ဖမ်းဆီးထားခဲ့ပါတယ်​။

ဖခင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု (သက်ငယ်မုဒိမ်းမှု) ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ တရားလိုဘက်က အကူအညီတောင်းခံလာလို့ မြောင်းမြခရိုင် အမျိုးသမီးရေးရာအဖွဲ့က ဒီအမှုကို အခမဲ့ လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။

၂၀၁၈ ဒီဇင်ဘာ ၆ ရက်မှာတော့  မြောင်းမြခရိုင်တရားရုံး ၊ ဒုခရိုင်တရားသူကြီး ဒေါ်ခင်ဝင်းနိုင်က ဒီမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆  သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013