DVB Logo
Home
မြန်မာသတင်း
မယ်စကြာဝဠာပြိုင်ပွဲဝင် လိင်ပြောင်း စပိန်အလှမယ် ပရိသတ်ကြား ရေပန်းစား (ဓာတ်ပုံ)
DVB
·
December 7, 2018
မယ်စကြာဝဠာပြိုင်ပွဲဝင် လိင်ပြောင်း စပိန်အလှမယ် ပရိသတ်ကြား ရေပန်းစား (ဓာတ်ပုံ)
Donate to DVB

အမျိုးသားဘဝကနေ အမျိုးသမီးတဦးအဖြစ် လိင်အင်္ဂါ ပြောင်းလဲခွဲစိတ်ပြီးနောက် နိုင်ငံကိုယ်စားပြု အလှမယ်တဦး ဖြစ်လာခဲ့တဲ့ စပိန်အလှမယ် အန်ဂျလာပွန့်စ်ဟာ ၂၀၁၈ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

ဒါဟာ မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲသမိုင်းမှာ လိင်အင်္ဂါ ပြောင်းလဲခွဲစိတ်ထားသူ အလှမယ်တဦးကို ပထမဆုံး ခွင့်ပြုလိုက်တာဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ် စိတ်ဝင်စားမှု ရရှိနေပြီး ရေပန်းစားနေပါတယ်။

အရပ်အမြင့် ၅ ပေ ၉ လက်မရှိတဲ့ အသက် ၂၇ နှစ်အရွယ် အလှမယ်ဟာ သူ့ရဲ့ ပါဝင်ယှဉ်ပြိုင်မှုနဲ့ ပတ်သက်ပြီး တိုင်းမ်မဂ္ဂဇင်းနဲ့ တွေ့ဆုံချိန်မှာတော့ ခုလိုပြောခဲ့တာပါ။

“လိင်အင်္ဂါ ပြောင်းလဲထားသူတွေအနေနဲ့ သူတို့ဖြစ်လိုရာ ကျောင်းဆရာမ၊ မိခင်၊ ဆရာဝန်၊ နိုင်ငံရေးသမားအဖြစ်သာမက မယ်စကြာဝဠာ အလှမယ်တောင်မှ ဖြစ်နိုင်တယ်ဆိုတာ ကျမက သက်သေပြလိုက်တာပါပဲ။”

၂၀၁၂ ခုနှစ်မတိုင်ခင် မယ်စကြာဝဠာ အလှမယ်အဖွဲ့အစည်းကို လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်ချိန်ကတော့ ခုလိုမျိုး လိင်ပြောင်းအလှမယ်တွေကို ပါဝင်ခွင့်မပြုခဲ့တာမို့ ခုတကြိမ်ကတော့ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတာ ဖြစ်ပါတယ်။

၆၇ ကြိမ်မြောက် ကျင်းပတဲ့ အခုနှစ်ရဲ့ မယ်စကြာဝဠာပြိုင်ပွဲကိုတော့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး နိုင်ငံပေါင်း ၉၄ နိုင်ငံက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုကိုတော့ လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013