DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပုံဟောင်းပြို၍ ကျောက်တူးသူ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
DVB
·
December 7, 2018
ဖားကန့်တွင် မြေစာပုံဟောင်းပြို၍ ကျောက်တူးသူ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှိကထောင်ရပ်ကွက်အနီးက လုံးခင်း-ဂျန်ဂတ် သွားလမ်းဘေးရှိ လွယ်ဂျောင်ကျောက်စိမ်းမှော်မှာ စွန့်ပစ်မြေစာပုံအဟောင်း ပြိုကျမှုကြောင့် တပိုင်တနိုင် ကျောက်စိမ်းတူးသူ ၁ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားပါတယ်။

ဖားကန့်မြို့ မရှိကထောင်ရပ်ကွက် အန်အယ်လ်ဒီ တာဝန်ခံ ဦးမင်းမင်းစိုးက “ဒီမနက် ဖြစ်တာ ဆယ်နာရီလောက်က ဖြစ်တာပါ။ တယောက်သေတယ်။ သုံးယောက် ဒဏ်ရာရတယ် မစိုးရိမ်ရဘူး”လို့ ပြောပါတယ်။

ပြိုကျခဲ့တဲ့ မြေစာပုံအဟောင်းဟာ အရင်က ယူနတီကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီရဲ့ သက်တမ်းကုန်လုပ်ကွက်အဟောင်းက မြေစာပုံဖြစ်တယ်လို့လည်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။

လက်ရှိအခင်းဖြစ်ပွားတဲ့နေရာဟာ မကြာခင်မှာ တနိုင်တပိုင် လုပ်ကွက်ချထားပေးဖို့ သတ်မှတ်ထားတဲ့ နေရာလည်းဖြစ်ပြီး အခုတူးနေတာကလည်း တရားမဝင် တူးဖော်နေကြတာလို့ ဆိုပါတယ်။

“မြေစာပုံအဟောင်း ပြိုကျတာလို့ သိရတယ်။ တယောက်တော့ ဆုံးသွားတယ်။ သုံးယောက်ကတော့ ဒဏ်ရာရလို့ သိရတယ်။ ဖားကန့်ဆေးရုံကိုပို့ထားတယ်။ မစိုးရိမ်ရဘူးလို့ သိရတယ်” လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ မြေပိုမှု၊ မြေစာပြိုမှု၊ ကမ်းပါးပြိုမှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ လူပေါင်း ရာဂဏန်း သေဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ် ။

ဓာတ်ပုံ-ထွေအုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013