DVB Logo
Home
မြန်မာသတင်း
ကလေးအသည်းအစားထိုး ကုသမှု မြန်မာပြည်တွင် ပထမဆုံးအကြိမ် လုပ်ဆောင်မည်
DVB
·
December 7, 2018
ကလေးအသည်းအစားထိုး ကုသမှု မြန်မာပြည်တွင် ပထမဆုံးအကြိမ် လုပ်ဆောင်မည်
Donate to DVB

ကလေးအသည်းအစားထိုးကုသမှုကို လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လုပ်ဆောင်သွားမယ်လို့ ရန်ကုန်ကလေးဆေးရုံကြီး ဆေးရုံအုပ်က ပြောပါတယ်။

အသည်းအစားထိုးကုသမှုကိုတော့ ဂျပန်နိုင်ငံ Kyushu University ဆေးရုံက ပညာရှင်တွေနဲ့ မြန်မာနိုင်ငံ အသည်းအစားထိုး ကုသရေးအဖွဲ့တို့ ပူးပေါင်းကာ ရန်ကုန်ကလေးဆေးရုံကြီးမှာ လုပ်ဆောင်သွားမှာပါ။

ကလေးအသည်းအစားထိုး ကုသမှုကို လာမယ့်နှစ် မတ်လအတွင်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ အသည်းအစားထိုး ကုသမှု ခံယူမယ့် ကလေးငယ်ကို မရွေးချယ်ရသေးပါဘူး။

အသည်းအစားထိုးကုသမယ့် ကလေးငယ်ကိုတော့ ရန်ကုန်ကလေးဆေးရုံကြီးမှာ အသည်းနဲ့ပတ်သက်ပြီး လာရောက်ဆေးကုသခံယူတဲ့ ကလေးငယ်တွေထဲက အသည်းကြွပ်တဲ့ အဆင့်အမြင့်ဆုံးကို ရောက်ရှိနေတဲ့ ကလေးလူနာကို ရွေးချယ်သွားမှာပါ။

ခွဲစိတ်ကုသမှုအတွက် ကုန်ကျငွေကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

အခုလို ပထမဆုံးအကြိမ် ကလေးအသည်းအစားထိုး ကုသဖို့အတွက် မြန်မာနိုင်ငံက ပါမောက္ခတွေ၊ ကလေးခွဲစိတ် အထူးကုဆရာဝန်တွေ၊ မေ့ဆေးဆရာဝန်တွေနဲ့ သူနာပြုတွေဟာ Kyushu University ဆေးရုံကို သွားရောက်လေ့လာထားကြတာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံက ကလေးငယ်တဦးဟာ Kyushu University ဆေးရုံမှာ အသည်းအစားထိုး ကုသမှုကို အခုနှစ် မတ်လအတွင်းက လုပ်ဆောင် အောင်မြင်မှုရခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်က မြန်မာပြည်ကို  ပြန်လည်ရောက်ရှိလာပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013