DVB Logo
Home
မြန်မာသတင်း
တရားမ၀င် ၀င်ရာက်လာသည့် ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၇ ဦးကို ပြန်လွှဲပြောင်းပေးအပ်
DVB
·
December 6, 2018
တရားမ၀င် ၀င်ရာက်လာသည့် ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၇ ဦးကို ပြန်လွှဲပြောင်းပေးအပ်
1 / 3
Donate to DVB

ရခိုင်ပြည်နယ်ထဲကို တရားမ၀င် ၀င်ရောက်လာတဲ့  ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၇ ဦးကို ဒီဇင်ဘာ ၅ ရက် မနက် ၁၁နာရီလောက်က တဖက်နိုင်ငံသို့ မြန်မာအာဏာပိုင်တွေက တရားဝင် ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

ပြန်ပို့ခံရသူ ၁၇ ဦးထဲက ၁၂ ဦးဟာ ဇွန်လ ၁၁ ရက် မနက်က ရသေ့တောင်မြို့နယ်၊ အောင်ဗလ ချောင်းဝ၊ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ ပျက်နေတဲ့ စက်လှေတစီးနဲ့ အတူတွေ့ရှိ ဖမ်းမိခဲ့သူ ၁၀၀ ကျော်ထဲမှာ ပါဝင်သူတွေဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ကျား ၄၄၊ မ ၆၀ စုစုပေါင်း ၁၀၄ ဦးကို စီစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေက ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ ယာယီထိမ်းသိမ်းစစ်ဆေးရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးနဲ့ မြန်မာနိုင်ငံမှ ၉၂ ဦး စိစစ်တွေ့ရှိခဲ့ပါတယ်။

မြန်မာဘက်က  ၉၂ ဦးကို လှဖိုးခေါင်ယာယီစခန်းသို့ ခေါ်ဆောင်လာပြီး အသုံးအဆောင် ပစ္စည်းတွေ၊ ဆန်၊ ပဲ၊  အဆင်သင့်စားနိုင်တဲ့ ဒန်ပေါက်အထုတ်တွေ ကူညီထောက်ပံ့ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ လွှဲပေးအပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ၁၂ ဦးကိုတော့ မောင်တောမြို့ရဲစခန်းမှာ  ထိန်းသိမ်းထားခဲ့ပါတယ်။

ကျန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၅ ဦးကတော့ ကျောက်ပန္ဒူ လှေပျက်ပြီး ကမ်းတင်လာသူ ၂ ဦး၊ တရားမ၀င်ဝင်ရောက်မှုနဲ့ စစ်တွေမှာ ဖမ်းဆီးထောင်ချခံရပြီး လွတ်မြောက်လာတဲ့ ဘင်္ဂါလီ ၁ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင် ၂ ဦးပါဝင်ကြပါတယ်။

ခုလို ပြန်လည်လွှဲပြောင်းပေးအပ်ပွဲနဲ့ နှစ်နိုင်ငံအလံတင်အခမ်းအနားကို မောင်တောမြို့ POE စခန်းရှိ နယ်စပ်ဆက်ဆံရေး ရုံးခန်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မိုဟာမက်​ ဘာရီကူလ်​အစ္စလာမ်​ ​ခေါင်း​ဆောင်​တဲ့အဖွဲ့နဲ့ ဘင်္ဂလား​ဒေ့ရှ်​စစ်ဘက်ဆိုင်ရာအရာရှိတို့ တက်​​ရောက်​ကြပြီး မြန်​မာနိုင်ငံက ​မောင်​​တောခရိုင်​လ၀က ဦးစီးမှူးနဲ့ ​မောင်​​တောခရိုင်​ရဲတပ်​ဖွဲ့မှူးတို့ တက်​​ရောက်​ခဲ့ ကြပါတယ်​။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013