DVB Logo
Home
မြန်မာသတင်း
မြန်မာဆန်နှင့် ဆန်ထွက်ပစ္စည်းများကို အီးယူက အခွန်ပြန်ကောက်မည်
DVB
·
December 6, 2018
မြန်မာဆန်နှင့် ဆန်ထွက်ပစ္စည်းများကို အီးယူက အခွန်ပြန်ကောက်မည်
Donate to DVB

ဥရောပသမဂ္ဂ(အီးယူ)က မြန်မာဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေကို အခွန်ပြည်လည် ကောက်ခံဖို့အတွက် ဆုံးဖြတ်ချက်ကို လာမယ့် ဒီဇင်ဘာ ၂၀ ရက်မှာထုတ်ပြန်သွားဖို့ ရှိပါတယ်။

မြန်မာအပါအဝင် ကမ္ဘောဒီးယားနိုင်ငံကိုလည်း ပြန်လည်ကောက်ခံသွားဖို့အတွက် မဲခွဲ ဆုံးဖြတ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က  ဒီဇင်ဘာ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂက မြန်မာနဲ့ ကမ္ဘောဒီးယားကို လက်နက်တင်ပို့တာက လွဲပြီး ကျန်ကုန်ပစ္စည်း တွေကို ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးပေးခဲ့တာပါ။ ဒါကြောင့် မြန်မာဆန်တွေကို ဥရောပသမဂ္ဂကို တင်သွင်းရာမှာ ဆန်နဲ့ ဆန်ကွဲတတန်ကို ကျပ်ငွေ သုံးသိန်းလောက် အမြတ်အစွန်း ပိုရလာခဲ့ပါတယ်။

ဒီလိုကုန်သွယ်မှုအခွင့်အရေးတွေ ပေးပြီးတဲ့နောက် အီးယူနိုင်ငံတွေရဲ့ ဆန်ထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းလောက် စိုက်ပျိုးထုတ်လုပ်နေတဲ့ အီတလီနဲ့စပိန်နိုင်ငံတို့က မြန်မာဆန်တင်သွင်းတာ ကိုကန့်ကွက်လာတဲ့အတွက် မြန်မာနဲ့ ကမ္ဘောဒီးယားကို အထူးအခွင့်အရေးပေးထားတာကို ပြန်လည်စဉ်းစားဖို့ အကြောင်းကြား လာတယ်လို့ ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၀ရက်နေ့မှာ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်မှုဆိုင်ရာအ ထူးအခွင့်အရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ထုတ်ပြန်သွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013